မမျိုးဥ ကဘာတွေအရေးပါလဲ
အမျိုးသမီးတွေအတွက် မမျိုးဥ ကြွေတဲ့ကာလဆိုတာအရေးကြီးတဲ့ရာသီစက်ဝန်းလည်ပတ်ဖို့ ကာလတစ်ခုပဲဖြစ်ပါတယ်။
အထူးသဖြင့်ကိုယ်ဝန်ဆောင်လိုကြတဲ့အမျိုးသမီးတွေအတွက်မမျိုးဥကြွေချိန်ဟာသန္ဓေသားရဖို့အတွက်အရေးပါတဲ့အချိန်တစ်ခုပါ။
အမျိုးသမီးတွေရဲ့သားအိမ်ထဲမှာမျိုးဥပေါင်းများစွာဟာမွေးဖွားစဉ်ကာကတည်းက ပါဝင်လာပါတယ် မျိုးဥကြွေချိန်မှာ သွေးအနည်းငယ်ဆင်းတတ်သလိုဗိုက်အောင့်တာ မအီမသာဖြစ်တာ ကိုယ်ပူလေးနည်းနည်းရှိတာ မျိုးခံစားရတတ်ပါတယ်။
တလတခါအချိန်ကျရောက်လာတဲ့အခါ သားဥအိမ်ကနေ မမျိုးဥတစ်လုံးရင့်မှည့်လာပြီးသားဥပြွန်ထဲကိုကြွေကျလာပါတယ်။ ကိုယ်ဝန်ဆောင်လိုသူတွေအတွက်ကတော့ ဒီအချိန်ဟာ လေးရယူဖို့လိင်ဆက်ဆံဖို့သင့်တော်တဲ့အချိန်ဘဲဖြစ်ပါတယ်။
မမျိုးဥတစ်လုံးဟာကြွေပြီး ၁၂နာရီကနေ တရက်တာကာလ ၂၄နာရီထိပဲသက်တမ်းရှိတတ်ပါတယ်။ဒီကာလမှာအမျိုးသားဖြစ်သူရဲ့ သုတ်ပိုးနဲ့သွားရောက်ထိတွေ့ပြီး မျိုးဥအောင်တဲ့အခါ ၁၂ရက်အတွင်း သားအိမ်နေရာမှာ သွားရောက် တွယ်ကပ်ပါတယ်။
သဘာဝတရားရဲ့လုပ်ဆောင်ချက်အရဒီကာလမှာသားအိမ်နံရံကလည်းကိုယ်ဝန်ဆောင်ဖို့အဆင်သင့်ပြင်ထားတာကြောင့် သားအိမ်နံရံကလည်းထူနေပေးပါတယ်။မမျိုးဥကြွေတဲ့အချိန်ကို တွက်ချက်နိုင်ဖို့ကတော့ရာသီသွေးပေါ်လာချိန်ဖြစ်တဲ့ပထမဆုံးဓမ္မတာလာရက်ကနေနောက်ထပ်တစ်ခေါက်ပြန်လာတဲ့ရက်အထိကိုမှတ်သားထားရပါတယ်။
ပုံမှန်ဓမ္မတာမှန်တဲ့အမျိုးသမီးတွေအနေနဲ့၂၈ရက်ကနေ၃၂ရက်တွင်းရှိတတ်ပါတယ်။ပထမဆုံးဓမ္မတာလာရက်ကနေ၁၂ရက်မြောက်နေ့ကနေ၂၁ရက်မြောက်နေ့အတွင်းကာလဟာမမျိုးဥကြွေကျတဲ့ကာလဖြစ်ပါတယ်။
ကိုယ်အပူချိန်တိုင်းကြည့်တာ မမျိုးဥကြွေမကြွေစစ်တဲ့OvulationTestKit နဲ့ Luteinizing Hormone ပမာဏကိုစစ်ပေးသင့်ပါတယ်။ သားဥကြွေမကြွေကို ကိုယ်ဝန်ရှိမရှိအရေးပေါ်ဆီးစစ်တံနဲ့စစ်သလိုပဲ စစ်ပေးနိုင်ပါတယ်။
ဟော်မုန်းပမာဏများလာရင် ဆီးစစ်တံအရောင်ပြောင်းလာတာမျိုးနဲ့ မမျိုးဥကြွေမကြွေကိုသိနိုင်ပါတယ်။အလုပ်များတဲ့ဇနီးမောင်နှံတွေကလေးလိုချင်တယ်ဆိုရင်တော့ ဒီစစ်နည်းကိုသုံးပြီးအတူနေဖို့ရက်ကိုရွေးနိုင်ပါတယ်။မမျိုးဥကြွေချိန်မှာတခြား ဖြစ်ပေါ်တတ်တာတွေကတော့ သွေးပေါင်ချိန်တိုးလာတာ၊ဆီးစပ်အောင့်တာ၊ တင်ပဆုံခွက်နာကျင်တာ၊ ရင်သားနေရာကတင်းရင်းတာ၊ အီစထရိုဂျင်ပမာဏတိုးလာတာကြောင့် လိင်စိတ်တက်ကြွနေတာမျိုးနဲ့ အဖြူဆင်းတာမျိုးတွေဖြစ်တတ်ပါတယ်။
အမျိုးသမီး၂၀ရာခိုင်နှုန်းခန့်ကတော့မျိုးဥကြွေချိန်မှာနာကြင်ကိုက်ခဲနေတတ်ပါတယ်။ရာသီမလာခင်(၅)ရက်နဲ့ရာသီလာပြီး(၅) ရက်အတွင်းလိင်ဆက်ဆံရင်ကိုယ်ဝန်ရနိုင်ချေနည်းပါးပါတယ်။စိတ်ဓာတ်ကျတာ ၊စိတ်ထိခိုက်တာမျိုးတခုခုရှိခဲ့မယ်ဆိုရင်တော့ မမျိုးဥနောက်ကျတာမျိုးဖြစ်စေပြီး တော့ရာသီ စက်ဝန်းကိုပြောင်းလဲစေပါတယ်။
သားဥကြွေခြင်းကိုတွက်ချက်နိုင်ဖို့ ပြက္ခဒိန်လေး တစ်ခုထားပြီးအတိကျမှတ်သားတာမျိုးလုပ်သင့်ပါတယ် သားဥမကြွေခင်ငါးရက်အလိုမှာ လိင်ဆက်ဆံရင်တော့ ပိုပြီးတော့ကိုယ်ဝန်ရနိုင်ချေများပါတယ် ။သုတ်ကောင်ဟာမမျိုပွားအင်္ဂါထဲမှာ ငါးရက်ကြာထိအသက်ရှင်နိုင်ပါတယ်။ မမျိုးဥရဲ့ရှင်သန်နိုင်စွမ်းက၂၄နာရီပဲရှိတာမို့ ရက်ကျော်ပြီး သွားမှဆက်ဆံမိရင်တော့ နောက်ထပ်ရာသီစက်ဝန်းကာလ မမျိုးဥကြွေမယ့်ချိန်ကို ပြန်စောင့်ရပါတယ်။
ဒါကြောင့်ကိုယ်ဝန်ဆောင်မယ်ဆိုရင်လည်းဒါလေးတွေကိုသိရှိပြီးတွက်ချက်လို့ရနိုင်သလို ကိုယ်ဝန်မဆောင်ချင်ဘူးဆိုရင်လည်းကိုယ်ဝန်ရနိုင်ချေနည်းတဲ့ရက်တွေကို လိင်ဆက်ဆံခြင်းဖြင့် ရက်ရှောင်လို့ရပါတယ်။ရက်ရှောင်တာကတော့မတော်တဆရသွားနိုင်ချေတွေရှိတတ်ပါတယ်။
ကိုယ်ဝန်ရဖို့ကြိုးစားကြပေမယ့် မရနိုင်တဲ့ အကြောင်းရင်းတွေအနေနဲ့သုတ်ပိုးအရည်အသွေးမကောင်းတာ၊ သုတ်ကောင်ရေနည်းတာ၊ မမျိုးဥမကြွေတာနဲ့ ဥပြွန်ပိတ်ဆို့တာတွေက ကိုယ်ဝန်ရဖို့ အတားအဆီးဖြစ်စေပါတယ်။
မမျိုးဥအောင်ဖို့အတွက်ကူညီပေးတဲ့ အစားအစာတွေအနေနဲ့တော့ ထောပတ်သီး၊ စတော်ဘယ်ရီသီး၊အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ကြက်ဥ၊ဘဲဥ၊နွားနို့၊ဒိန်ချဉ်၊ပဲအမျိုးမျိုးနဲ့ အစေ့အဆန်များပဲဖြစ်ပါတယ်။
မမျိုးဥအိမ်မှာအဓိကဖြစ်တာကအလုံးအကျိတ်နှစ်မျိုးရှိပါတယ်။ ရေအိတ်တည်တာနဲ့ကင်ဆာဖြစ်တာတွေပါစိတ်ဖိဆီးမှုတွေများတာ၊ဆိုးဆေးနဲ့တာရှည်ခံဆေးပါတဲ့အစားအစာတွေစားသုံးမှုများတာ၊အသင့်စားအစားအစာတွေအကင်တွေအစားများတာကနေမမျိုးဥမှာရေအိတ်တည်တတ်တာမို့သတိထားသင့်ပါတယ်။
မမျိုးဥမှာတည်တဲ့ရေအိတ်ဟာသူ့လိုလိုပျောက်သွားတတ်ပေမယ့်ပေါက်သွားတာမျိုးဖြစ်ရင်တော့ပြင်းထန်တဲ့နာကျဉ်မှုဝေဒနာကိုခံစားရတတ်ပါတယ်။ မမျိုးဥရဲ့အကြောင်းကိုသိထားခြင်းဖြင့် အမျိုးသမီးတွေမိမိရဲ့ကျန်းမာရေးကို ပိုမို စောင့်ရှောက်နိုင်ကြမှာအသေအချာပါ။
ဒေါက်တာနိုင်း (ဆေး-၁)
#oocyte #woment_health
#We_R_z_waka