သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာ

အသက် (၄၀) ကျော်ဝန်းကျင် အမျိုးသမီးတွေမှာအဖြစ်များတဲ့ကင်ဆာကတော့ သားအိမ်ခေါင်းကင်ဆာပါပဲ။ သားအိမ်ခေါင်းကင်ဆာဆိုတာ သားအိမ်ရဲ့ဘေးဘက်နံရံတွေမှာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ ပျံ့ပွားလာခြင်းဖြစ်ပါတယ်။ အတွေ့အများဆုံး သားအိမ်ခေါင်းကင်ဆာကို Squamous Cell Carcinoma လို့ခေါ်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသူရဲ့ (၇၀) % လောက်မှာ တွေ့ရပါတယ်။ နောက်တစ်မျိုးက Adenocarcinoma ဖြစ်ပြီး သူကတော့ (၂၅)% လောက်ပဲတွေ့ရလေ့ရှိပါတယ်။ များသောအားဖြင့် အသက် (၄၅- ၄၉) နှစ်အရွယ် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ သားအိမ်ခေါင်းကင်ဆာက human papillomavirus (HPV)ကူးစက်မှု ကြောင့် အများဆုံးဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။ နောက်ထပ် သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့အကြောင်းရင်းကတော့ ဆေးလိပ်သောက်ခြင်းပဲဖြစ်ပါတယ်။ သန္ဓေတားဆေးကို ငါးနှစ်နဲ့အထက်သောက်တဲ့အမျိုးသမီးတွေမှာ HPV ကြောင့်ကင်ဆာဖြစ်နိုင်ခြေပိုများတတ်တာကို တွေ့ရှိထားပေမဲ့ လက်တွေ့ဖြစ်တဲ့သူနည်းတာကြောင့် အရမ်းတော့စိုးရိမ်စရာမလိုပါဘူး။ အခြား ကင်ဆာဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ ဆေးလိပ်‌ငွေ့ရှုမိခြင်း ကိုယ်ခံအားနည်းခြင်း မိမိကိုကိုယ်ဝန်‌ဆောင်ချိန်မှာ…