ယောဂ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
|

ယောဂ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

အသက်အရွယ်မရွေး၊ ကျားမ မရွေး ပြုလုပ်ဖို့သင့်တော်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေတဲ့ လေ့ကျင့်မှုတစ်ခုက ယောဂ ပဲဖြစ်ပါတယ်။ ယောဂကို လေ့ကျင့်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားပေးပြီး အာရုံစူးစိုက်မှုကို တိုးတက်စေတဲ့အတွက် စိတ်ရောကိုယ်ပါ ကျန်းမာလာစေနိုင်ပါတယ်။ ယောဂရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၁၀ခု)  ယောဂရဲ့ အဓိက အကျိုးကျေးဇူးတစ်ခုကတော့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းတွေဟာ စိတ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှုဟော်မုန်းတွေကို လျှော့ချပေးနိုင်ပါတယ်။ အသက်ရှူသွင်းရှူထုတ်နဲ့ တွဲပြီး လေ့ကျင့်ရတာကြောင့် အာရုံကြောစနစ်ကို ငြိမ်သက်စေပြီး စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။  ယောဂကျင့်စဉ်တွေဟာ ခန္ဓာကိုယ်ကို ဆန့်ထုတ်ပေးပြီး ကြွက်သားတွေကို သန်မာစေပါတယ်။ ပုံမှန် ယောဂလေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပျော့ပျောင်းစေပါတယ်။ ခန္ဓာကိုယ်ရဲ့ အနေအထားကို မှန်ကန်စေပြီး ခါးနာခြင်းနဲ့ အခြားသော ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုတွေကို…

ခွေးကိုက်ခံရရင် ခွေးရူးပြန်ရောဂါ ကာကွယ်‌ဆေး မဖြစ်မနေ ထိုးဖို့ လိုလား
| |

ခွေးကိုက်ခံရရင် ခွေးရူးပြန်ရောဂါ ကာကွယ်‌ဆေး မဖြစ်မနေ ထိုးဖို့ လိုလား

ခွေးရူးပြန်ရောဂါဆိုတာ မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ပေမဲ့ ရောဂါဖြစ်ပြီးတဲ့အခါ ကုသလို့မရနိုင်ဘဲ အသက်ကိုဆုံးရှုံးရတဲ့အထိ ထိခိုက်စေတဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်ခြေ ရှိလာတဲ့ ဘယ်လိုအခြေအနေမျိုးတွေမှာ ကာကွယ်ဆေးထိုးဖို့ လိုအပ်မလဲဆိုတာကို သိရှိထားခြင်းက အရမ်းကို အရေးကြီးပါတယ်။ ခွေးရူးပြန်ရောဂါ ( Rabies ) ဆိုတာ ဘာလဲ။  ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ခွေးမှမဟုတ်ဘဲ ကြောင်၊ မြေခွေး၊ လင်းနို့ စတဲ့ နို့တိုက်သတ္တဝါတွေကနေလည်း လူကို ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်က ကိုက်ခြင်း၊ ကုတ်ခြင်း ဒါမှမဟုတ် ၎င်းတို့ရဲ့ တံတွေးကတစ်ဆင့် လူရဲ့ ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ ခွေးရူးပြန်ရောဂါပိုးဟာ အာရုံကြောတွေကို ထိခိုက်စေပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်ကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဘယ်လို အခြေအနေတွေမှာ ခွေးရူးပြန်ကာကွယ်ဆေးထိုးရမလဲ။  ခွေးရူးပြန်ရောဂါဖြစ်နိုင်တဲ့…

LDRS တွေအတွက် လိုအပ်တဲ့နားလည်မှု
| | |

LDRS တွေအတွက် လိုအပ်တဲ့နားလည်မှု

တစ်ဦးနဲ့တစ်ဦး နေရာဒေသတွေ ဝေးကွာနေကြရတဲ့ ချစ်သူတွေဟာ အနေဝေးတာကြောင့် အခက်အခဲတွေ အများကြီးရှိနိုင်ပေမယ့် လုံလောက်တဲ့ နားလည်မှုသာရှိနေရင် ရေရှည်တည်မြဲတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒီအချက်ရဲ့ ဆိုလိုရင်းက LDRS တွေအတွက် အထူးအရေးပါတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲတဲ့ အချက်တစ်ခုပဲ မဟုတ်လား။ LDRS တွေအတွက် နားလည်မှုက ဘာကြောင့်အရေးကြီးတာလဲ  တစ်ဦးနဲ့တစ်ဦး အဝေးမှာနေတဲ့အခါမှာ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ ခက်ခဲလွန်းပါတယ်။ အဲဒီလို ဝေးကွာနေတဲ့အချိန်မှာ စိတ်ဓာတ်ကျတာတွေ၊ အထီးကျန်တာတွေ ဖြစ်လာနိုင်ပါတယ်။နားလည်မှုရှိတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ပြီး၊ စိတ်ဓာတ်ကျတဲ့အခါ အားပေးနှစ်သိမ့်ပေးနိုင်ပါတယ်။  အဝေးမှာနေတဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ဖို့ ပိုခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ချစ်သူ ဘာလုပ်နေလဲ၊ ဘယ်သူနဲ့ရှိနေလဲဆိုတာကို အမြဲတမ်း မသိနိုင်လို့ပါ။ နားလည်မှုထားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ရိုးသားမှုအပေါ် ယုံကြည်မှုရှိလာတဲ့အတွက် သံသယတွေ၊ စိတ်ပူပန်မှုတွေ လျော့နည်းသွား ဆက်ဆံရေးက…

Safe Sex အကြောင်း တစေ့တစောင်း
| |

Safe Sex အကြောင်း တစေ့တစောင်း

နှစ်ဦးသဘောတူ သာယာမှုအတွက် အတူနေကြတဲ့အခါ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ၊ ဆိုးကျိုးတွေကင်းစွာနဲ့ အပြည့်အဝ လုံခြုံပျော်ရွှင်မှုရရှိစေနိုင်ဖို့ သိထားသင့်တဲ့ Safe Sex အကြောင်း ကို မျှဝေပေးပါရစေ။  Safe Sex အကြောင်း သိထားသင့်သမျှ လိင်ဆက်ဆံမှုပြုတဲ့အခါမှာ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STIs/STDs) နဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုတာကို ဆိုလိုပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်ရဲ့လိင်ဆက်ဆံဖော်ကိုပါ ရောဂါကူးစက်မှုတွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကနေ ကာကွယ်ပေးနိုင်တဲ့ လိင်ဆက်ဆံမှုမျိုးလို့ ပြောလို့ရပါတယ်။ ဘာကြောင့် Safe Sex ဖြစ်ဖို့ အရေးကြီးတာလဲ ဆီးပူညောင်းကျရောဂါ၊ HIV/AIDS၊ ရေယုန်၊ ဂနိုရောဂါ၊ ဆစ်ဖလစ် စတဲ့ ရောဂါတွေဟာ လိင်ဆက်ဆံမှုကနေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ Safe Sex…

ဟော်မုန်းမညီမျှမှုကြောင့် ကိုယ်အလေးချိန်တက်ခြင်း
| |

ဟော်မုန်းမညီမျှမှုကြောင့် ကိုယ်အလေးချိန်တက်ခြင်း

ကိုယ်အလေးချိန်တက်ခြင်းက လိုတာထက်ပိုစားမိလို့၊ ကိုယ်လက်လှုပ်ရှားမှုနည်းလို့ အစရှိသဖြင့် အကြောင်းရင်းများစွာရှိပေမဲ့ လူအများသိပ်သတိမထားမိတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ ဒါကတော့ ဟော်မုန်းမညီမျှမှုပဲ ဖြစ်ပါတယ်။  ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအမျိုးအစားများစွာရှိပြီး  အချို့ဟော်မုန်းတွေ မမျှတတဲ့အခါ  ကိုယ်အလေးချိန်တက်ခြင်းအပေါ် သက်ရောက်မှုရှိပါတယ်။  ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဆက်နွယ်နေတဲ့ ဟော်မုန်းမညီမျှမှုများ  Insulin resistance လို့ခေါ်တဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က ကောင်းစွာမတုံ့ပြန်နိုင်တဲ့အခါ သွေးထဲမှာ သကြားဓာတ်တွေ များလာပြီး အဆီအဖြစ်ပြောင်းလဲသွားတဲ့အတွက် ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေမှာ အင်ဆူလင်နဲ့ ပတ်သက်တဲ့ ပြဿနာကြောင့် ကိုယ်အလေးချိန်တက်တာကို တွေ့ရတတ်ပါတယ်။ စိတ်ဖိစီးမှုကို တုံ့ပြန်ဖို့အတွက် ခန္ဓာကိုယ်က ထုတ်ပေးလေ့ရှိတဲ့ ကော်တီစောဟော်မုန်းက အချိန်ကြာမြင့်စွာ မြင့်နေတဲ့အခါ အစာစားချင်စိတ်ကို များစေပြီး အဆီနဲ့သကြားများတဲ့ အစားအစာတွေကို ပိုစားချင်လာစေနိုင်ပါတယ်။ ဒါ့အပြင် ကော်တီစောဟာ ဗိုက်အဆီတွေကိုလည်း စုပုံစေပြီး ကိုယ်အလေးချိန်တက်စေပါတယ်။ စိတ်ဖိစီးမှုများတဲ့သူတွေမှာ…

| | | |

အမျိုးသားများနဲ့ ဆီးကျိတ်ကင်ဆာ

အမျိုးသားတွေမှာပဲ ဖြစ်ပွားပြီး သိပ်ကိုအဖြစ်များလေ့ရှိတဲ့ကင်ဆာရောဂါတစ်ခု ရှိပါတယ်။ အဲဒါက‌တော့ ဆီးကျိတ်ကင်ဆာပဲ ဖြစ်ပါတယ်။  ဆီးကျိတ်ဆိုတာ အမျိုးသားတွေရဲ့ ဆီးအိမ်အောက်မှာရှိတဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသားတွေမှာ အဖြစ်များပြီး အစောပိုင်းအဆင့်မှာ သိသာတဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။ ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းများ ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကို မသိရသေးပေမယ့် အောက်ဖော်ပြပါ အချက်တွေကတော့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို များစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ် ။ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာများ ဆီးကျိတ်ကင်ဆာဟာ အစောပိုင်းအဆင့်မှာ လက္ခဏာမပြတတ်ပါဘူး။ ကင်ဆာဆဲလ်တွေ ကြီးထွားလာတဲ့အခါမှသာ အောက်ပါလက္ခဏာတွေကို ခံစားရနိုင်ပါတယ် ။ ဒီလက္ခဏာတွေဟာ ဆီးကျိတ်ကင်ဆာတစ်ခုတည်းမှာ ဖြစ်တာမဟုတ်ဘဲ တခြားရောဂါတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခုလိုလက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ဆီးကျိတ်ကင်ဆာကို ဘယ်လိုကုသနိုင်လဲ ဆီးကျိတ်ကင်ဆာကို…

ငါးပိနဲ့ သွေးတိုးခြင်း
| | |

ငါးပိနဲ့ သွေးတိုးခြင်း 

မြန်မာလူမျိုးတွေ အသည်းစွဲကြိုက်ကြတဲ့ ငါးပိက သွေးတိုးစေနိုင်တယ်ဆိုတာ အမှန်တကယ်ပဲလား။ ငါးပိ အလွန်အကျွံစားခြင်းကြောင့် သွေးတိုးခြင်းအပြင် အခြားဘာဆိုးကျိုးတွေပါ ဖြစ်နိုင်သေးလဲဆိုတာကို ရှင်းပြပေးသွားပါမယ်။  ငါးပိစားရင် တကယ်ပဲ သွေးတိုးစေလား။  ငါးပိဟာ ငါးကို ဆားနဲ့နယ်ပြီး အချဉ်ဖောက်ထားတဲ့ အစားအစာဖြစ်တာကြောင့် ဆားပါဝင်မှု အလွန်မြင့်မားပါတယ်။  ဆိုဒီယမ်ဆိုတာ ဆားရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒါပေမဲ့ ဆိုဒီယမ်ကို များများစားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုအပေါ်မှာ သက်ရောက်မှုတွေရှိလာပြီး သွေးတိုးစေနိုင်ပါတယ်။ ဆိုဒီယမ်နဲ့ သွေးတိုးခြင်း ဆက်စပ်မှုအကြောင်း အသေးစိတ်ပြောပြသွားပါမယ်။  ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်ဓာတ်များလာတဲ့အခါ ရေဓာတ်ကို ဆွဲယူထိန်းသိမ်းပေးပါတယ်။ ဒီလို ရေဓာတ်ကို ထိန်းထားတဲ့အတွက် သွေးထဲမှာ အရည်ပမာဏ များလာပါတယ်။သွေးပမာဏ များလာတဲ့အခါ သွေးကြောနံရံတွေပေါ်မှာ သက်ရောက်တဲ့ ဖိအားများလာပြီး သွေးတိုးလာစေပါတယ်။ ဆိုဒီယမ်ဓာတ်ဟာ သွေးကြောတွေကို…

လည်ပင်းကြီးရောဂါ
| |

လည်ပင်းကြီးရောဂါ

လည်ပင်းရှိ သိုင်းရွိုက်ဂလင်း (Thyroid Gland) ကြီးလာခြင်းကို လည်ပင်းကြီးရောဂါ(Goiter) လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အတွေ့များရတဲ့ လည်ပင်ကြီးရောဂါ ဘာကြောင့်ဖြစ်လဲ၊ ဘယ်လိုကာကွယ်ကုသရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းရဲ့အရှေ့ပိုင်းမှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းလေးတစ်ခုပါ။ ဒီဂလင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးပါတယ်။ သိုင်းရွိုက်ဂလင်း ကြီးလာတဲ့အခါ လည်ပင်းမှာ အဖုအကျိတ်လိုမျိုး ပေါ်လာပြီး အဲဒါကို လည်ပင်းကြီးရောဂါလို့ ခေါ်ပါတယ်။  လည်ပင်းကြီးရောဂါ အမျိုးအစား( ၂ )မျိုး သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးလာတာဖြစ်ပြီး ကင်ဆာအဆင့်ထိတော့ မရောက်နိုင်ပါဘူး။  အိုင်အိုဒင်းဓာတ် ချို့တဲ့လို့ ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း ပမာဏ ပုံမှန်ဖြစ်နိုင်သလို များတာ (hyperthyroidism)၊ နည်းတာ (hypothyroidism) လည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းထဲမှာ…

အမှောင်ထဲမှာ ဖုန်းသုံးခြင်းနဲ့ မျက်စိကျန်းမာရေး
| | |

အမှောင်ထဲမှာ ဖုန်းသုံးခြင်းနဲ့ မျက်စိကျန်းမာရေး

ဒီနေ့ခေတ်မှာ ဖုန်းဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပါပြီ။ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ ဖျော်ဖြေရေးကိစ္စတွေ အားလုံးအတွက် ဖုန်းကို အသုံးပြုနေကြပါတယ်။ ဒါပေမဲ့ ဖုန်းကို မှန်ကန်စွာ အသုံးပြုဖို့ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် အိပ်ခါနီး မီးပိတ်ပြီးချိန် ဒါမှမဟုတ် မီးပျက်လို့ မှောင်နေချိန်တွေမှာ အမှောင်ထဲ ဖုန်းသုံးတာက မျက်စိကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်စေနိုင်ပါတယ်။  အမှောင်ထဲမှာ ဖုန်းသုံးတာ မကောင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ အောက်ပါအချက်တွေကြောင့် ဖြစ်ပါတယ်။ အမှောင်ထဲမှာ ဖုန်းသုံးလို့ဖြစ်နိုင်တဲ့ အမြင်အာရုံပြဿနာများ မျက်စိညောင်းညာခြင်းနှင့် မျက်ရိုးကိုက်ခြင်း အမှောင်ထဲမှာ ဖုန်းသုံးတဲ့အခါ မျက်လုံးက ပုံမှန်ထက် အလုပ်ပိုလုပ်ရပါတယ်။ ဖုန်းရဲ့ အလင်းရောင်ကို အာရုံစိုက်ပြီး ကြည့်နေရတာကြောင့် မျက်လုံးကြွက်သားတွေ တင်းမာပြီး ညောင်းညာလာနိုင်ပါတယ်။ ဒါ့အပြင် မျက်ရိုးကိုက်ခဲတာ၊ ခေါင်းကိုက်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။…

အသည်းရောင်အသားဝါ ဘီပိုးအကြောင်း
| |

အသည်းရောင်အသားဝါ ဘီပိုးအကြောင်း

အသည်းရောင်အသားဝါ ဘီပိုးဆိုတာ Hepatitis B Virus (HBV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ဒီဗိုင်းရပ်စ်ပိုးဟာ အသည်းကို ပျက်စီးစေပြီး ရောင်ရမ်းစေပါတယ်။ နာတာရှည်ရောဂါအဖြစ်သို့ ပြောင်းလဲသွားတဲ့အခါ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုး ဘယ်လိုကူးစက်ခံရနိုင်လဲ။  ရောဂါပိုးရှိတဲ့ မိခင်ကနေ ကလေးမွေးဖွားစဉ်မှာ ကလေးကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိမှာ ရောဂါပိုးရှိမရှိကို စစ်ဆေးသင့်ပါတယ်။ ရောဂါပိုးရှိတဲ့ သွေးနဲ့ တိုက်ရိုက်ထိတွေ့မိတာ၊ ရောဂါပိုးရှိတဲ့သူ သုံးပြီးသား ဆေးထိုးအပ်တွေ၊ ဆေးထိုးပြွန်တွေကို မျှဝေသုံးစွဲတာတွေကနေလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူရဲ့ သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ် စတာတွေကို မျှဝေသုံးစွဲတာကနေလည်း ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးရဲ့ လက္ခဏာများ…