ဖုန်းပိတ်ပြီး အိပ်လိုက်ကာမှ မျက်စိကြောင် သွားတာဘာကြောင့်လဲ?
|

ဖုန်းပိတ်ပြီး အိပ်လိုက်ကာမှ မျက်စိကြောင် သွားတာဘာကြောင့်လဲ?

ညအိပ်ရာဝင်ချိန် ဖုန်းကြည့်နေတုန်းကျ မျက်လုံးလေးတွေမှေးစင်းလာပြီး အိပ်မယ်လည်း ကြံလိုက်ရော အိပ်မပျော်တော့ဘဲ မျက်စိကြောင် သွားတာမျိုး ကြုံကြဖူးမှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုရင် ဖုန်းမျက်နှာပြင်က အပြာရောင်အလင်း (Bluelight)တွေက မျက်လုံးကို ညောင်းညာထိခိုက်စေတာကြောင့် အိပ်ချင်သွားတာဖြစ်ပါတယ်။ အိပ်မယ်ဆိုပြီး ဖုန်းပိတ်လိုက်တော့ အပြာရောင်အလင်းနဲ့ဝေးသွားတာဖြစ်လို့ မျက်လုံးက ပြန်လန်းဆန်းကြည်လင်ပြီး အိပ်မရတော့တာဖြစ်ပါတယ်။👀👀

နားကြပ် နဲ့ အလွန်အကျွံနားထောင်တဲ့အခါ ဘာတွေထိခိုက်လာနိုင်မလဲ?
|

နားကြပ် နဲ့ အလွန်အကျွံနားထောင်တဲ့အခါ ဘာတွေထိခိုက်လာနိုင်မလဲ?

နားကြပ် အမြဲတပ်ထားပြီး သီချင်းကို အသံအမြင့်ဆုံးထားနားထောင်ပါများလာတဲ့အခါ အောက်ပါထိခိုက်မှုတွေဖြစ်ပွားနိုင်ပါတယ်။👂 ဘယ်လို ကာကွယ်ရမလဲ?

သရက်သီး ရဲ့  စူပါကောင်းကျိုးများ

သရက်သီး ရဲ့ စူပါကောင်းကျိုးများ

အသီးမှာ သရက်လို့တင်စားကြတဲ့ သရက်သီး ရဲ့ စူပါကောင်းကျိုးတွေက ဘာတွေဖြစ်မလဲ၊ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်လဲ‌ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ကောင်းကျိုးများ -ကိုယ်ခံအားကောင်းပြီး အပူမရှပ်အောင် ကာကွယ်ပေးခြင်း -ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေခြင်း -ကိုလက်စထရောထိန်းပေးပြီး နှလုံးအတွက်သင့်တော်ခြင်း -အသားအရည် ကြည်လင်စေခြင်း -အမြင်အာရုံကောင်းစေခြင်း -အစာကြေစေခြင်း -ဝိတ်ကျစေခြင်း တို့ဖြစ်တဲ့အပြင် အာဟာရ အနေနဲ့ -ဗီတာမင် (၂၀) မျိုး ပါဝင်ပြီး – သတ္တုဓာတ် -အသားဓာတ်နဲ့ -အမျှင်ဓာတ်များလည်း ကြွယ်ဝစွာပါဝင်သေးတယ်….

တုပ်ကွေးကာကွယ်ဆေး ဘယ်အချိန်မှာထိုးသင့်လဲ

တုပ်ကွေးကာကွယ်ဆေး ဘယ်အချိန်မှာထိုးသင့်လဲ 

တုပ်ကွေးကာကွယ်ဆေးဆိုတာ တုပ်ကွေးရောဂါကို ကာကွယ်ဖို့အတွက် ထိုးနှံပေးတဲ့ ဆေးတစ်မျိုးပါ။ တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါဖြစ်ပြီး နှစ်စဉ် လူအများအပြားကို ဒုက္ခပေးလေ့ရှိပါတယ်။  တုပ်ကွေးကာကွယ်ဆေး အလုပ်လုပ်ပုံ တုပ်ကွေးကာကွယ်ဆေးမှာ တုပ်ကွေးဗိုင်းရပ်စ်ပိုးရဲ့ အသေ (သို့) အားပျော့ထားတဲ့ ပိုးတွေကို ထည့်သွင်းထားလေ့ရှိပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လှုံ့ဆော်ပေးခြင်းဖြင့် တုပ်ကွေးရောဂါကို ကာကွယ်ပေးပါတယ်။ တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပြီး ဖြစ်ရင်တောင်မှ ရောဂါလက္ခဏာတွေ သက်သာစေနိုင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးကို ဘယ်အချိန်မှာ ထိုးသင့်လဲ တုပ်ကွေးကာကွယ်ဆေး ကို အကောင်းဆုံးထိုးသင့်တဲ့အချိန်ကတော့ တုပ်ကွေးရောဂါအဖြစ်များတဲ့ ဆောင်းရာသီနဲ့ မိုးရာသီတွေမှာပါ။ မြန်မာနိုင်ငံအတွက်ဆို အထူးသဖြင့် နှစ်စဉ် မေလနှင့် ဇွန်လ သို့မဟုတ် အောက်တိုဘာလနှင့် နိုဝင်ဘာလ မတိုင်မီမှာ စတင်ထိုးနှံသင့်ပါတယ်။ ဒါမှ တုပ်ကွေးရောဂါ အဖြစ်များတဲ့အချိန်မှာ ကိုယ်ခံအားကောင်းနေမှာပါ။…

စိတ်ညစ်ရင်တဲ့အခါ ဗြူးတီးစလွန်း သွားချင်ရတဲ့ အကြောင်းအရင်း
|

စိတ်ညစ်ရင်တဲ့အခါ ဗြူးတီးစလွန်း သွားချင်ရတဲ့ အကြောင်းအရင်း

မိန်းကလေးအများစု စိတ်ညစ်တဲ့အခါ အလှပြင်ဆိုင်သွားပြီး ဆံပင်ညှပ်တာ၊ အရောင်ပြောင်းတာ၊ လက်သည်းခြေသည်းဆိုးတာလေးတွေ လုပ်တတ်ကြပါတယ်။ ဒါဟာ ဘာလို့များလဲ🤔 ကိုယ့်ကိုကိုယ် စတိုင်ကျအောင်၊ ပိုလှအောင် ပြုပြင်လိုက်တဲ့အခါ မိန်းကလေးတွေရဲ့စိတ်မှာ “ငါ့ကိုယ်ငါချစ်တယ်၊ ငါ့ကိုယ်ငါပိုင်တယ်၊ ငါ့ကိုယ်ငါပြောင်းလဲနိုင်တယ်” ဆိုတဲ့ ယုံကြည်မှုလေးတွေဖြစ်လာတတ်ပါတယ်။ စိတ်ညစ်တာလေးတွေ ပြေပျောက်သွားတတ်တာကြောင့် ဖြစ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း မိန်းကလေးတွေရဲ့စိတ်က အရမ်းပျင်းရိနေတဲ့အခါ ဆံပင်အရောင်ပြောင်းတာမျိုး လုပ်တတ်ကြပါ‌သေးတယ်တဲ့နော်။ 🌹

နှာခေါင်းသွေးလျှံခြင်း ကို ရပ်အောင်ပြုစုနည်း

နှာခေါင်းသွေးလျှံခြင်း ကို ရပ်အောင်ပြုစုနည်း

နှာခေါင်းသွေးလျှံခြင်း ဖြစ်ပြီဆိုရင် ပြုလုပ်တတ်တဲ့ အမှားအချို့နဲ့ အတူ ရှေးဦးသူနာပြုကုသနည်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်…. -လက်ညှိုးနဲ့လက်မကိုအသုံးပြုပြီး နှာရိုးနုကို ၁၀မိနစ်၊ ၁၅မိနစ်ခန့်ညှစ်ထားပါ။ – နှာခေါင်းသွေးက လည်ချောင်းအနောက်ကတစ်ဆင့် ဗိုက်ထဲမရောက်သွားပဲ နှာခေါင်းထဲစီးလာစေဖို့ ရှေ့ကိုကိုင်းပြီး ပါးစပ်ဟအသက်ရှူပါ။ – နှာခေါင်းရိုးပေါ် အဝတ်တစ်ခုခုခံပြီး ရေခဲအုံပေးပါ။ – လှဲမအိပ်ဘဲ မတ်မတ်နေခြင်းက နှာခေါင်းအတွင်းကသွေးကြောတွေရဲ့ သွေးဖိအားကိုလျော့ကျစေပြီး သွေးတိတ်သွားစေနိုင်ပါတယ်။ – နာရီဝက်ကျော်တဲ့အထိ သွေးမတိတ်သေးလျှင် ဆေးရုံဆေးခန်း အရေးပေါ်သွားရောက်ပြသဖို့လိုအပ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဝိတ်ချလို့ရလား 
| | |

ကိုယ်ဝန်ဆောင်ချိန် ဝိတ်ချလို့ရလား 

ကိုယ်ဝန်ဆောင်ချိန် ဟာ အမျိုးသမီးတွေအတွက် အထူးဂရုစိုက်ရမယ့်အချိန်ဖြစ်ပြီး ကိုယ်အလေးချိန်ကလည်း မိခင်ရော ကလေးအတွက်ပါ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။  ကိုယ်ဝန်ဆောင်ချိန် ဝိတ်တက်ခြင်း ကိုယ်ဝန်ဆောင်ချိန်မှာ တဖြည်းဖြည်းကြီးထွားလာတဲ့ ကလေးငယ်ရဲ့ ကိုယ်အလေးချိန်၊ မိခင်ဝမ်းဗိုက်အတွင်းမှာ ကလေးငယ်ကို ကာကွယ်ပေးတဲ့ အချင်းနဲ့ ရေမြွှာရည်ရဲ့ အလေးချိန်၊ သွေးနဲ့ အရည်များ၊ ကလေးငယ်ကြီးထွားဖို့နဲ့ နို့တိုက်ကျွေးဖို့ ခန္ဓာကိုယ်က အဆီသိုလှောင်ခြင်း စသဖြင့် အမျိုးမျိုးသောအကြောင်းရင်းတွေကြောင့် ကိုယ်အလေးချိန်တက်လာတဲ့အခါ ဒီမေးခွန်းလေးကို စဉ်းစားမိကြတဲ့ မိခင်တွေအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ဝိတ်ချသင့်လား၊ မချသင့်ဘူးလားဆိုတာနဲ့ ဘာတွေ ဂရုပြုသင့်လဲဆိုတာကို အောက်မှာ အသေးစိတ် ရှင်းပြပေးသွားပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝိတ်ချလို့ ရလား ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် လျှော့ချဖို့ မသင့်တော်ပါဘူး။ ကိုယ်အလေးချိန် လျှော့ချဖို့ ကယ်လိုရီတွေကို လျှော့စားရမှာဖြစ်တဲ့အတွက် ဒါက…

ခြေဖနောင့်ကွဲအက်ခြင်း ပြသနာ

ခြေဖနောင့်ကွဲအက်ခြင်း ပြသနာ

ဆောင်းတွင်းမှာ ပျိုမေတို့ စိတ်အညစ်ကြီးညစ်ရတဲ့ ပြသနာတွေထဲက တစ်ခုဖြစ်တဲ့ ခြေဖနောင့်ကွဲအက်ခြင်း ပြသနာကို ဘယ်လိုအလွယ်တကူ ကုသရမလဲဆိုတာမျှ‌ဝေပေးထားပါတယ်နော် ….. အထက်ပါနီးလမ်းလေးတွေ အသုံးပြုပြီး ခြေဖနောင့် ကွဲလို့ စိတ်ညစ်ရခြင်းမှ ကင်းဝေးနိုင်ကြပါစေရှင်…..

အိမ်လွမ်းနာကျခြင်း 
| | |

အိမ်လွမ်းနာကျခြင်း 

အိမ်လွမ်းနာကျခြင်း ဆိုတာက လူတစ်ဦးအနေနဲ့ မိမိရဲ့ အိမ်၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဝေးကွာရာ နေရာဒေသတစ်ခုကို ရောက်‌နေတဲ့အခါ ခံစားရတတ်တဲ့ စိတ်ခံစားချက်တစ်ခုပါ။  အိမ်လွမ်းနာကျခြင်း ဘာကြောင့်ဖြစ်ရသလဲ၊ လက္ခဏာတွေနဲ့ ဘယ်လိုကုစားနိုင်မလဲဆိုတာကို အသေးစိတ် ရှင်းပြပေးသွားပါမယ်။ အိမ်လွမ်းနာကျခြင်း ဖြစ်ရတဲ့ အကြောင်းရင်းများ အရင်နေခဲ့တဲ့ ပတ်ဝန်းကျင်ကနေ မတူညီတဲ့ ပတ်ဝန်းကျင်အသစ်ကို ပြောင်းရွှေ့တဲ့အခါမှာ အိမ်လွမ်းနာကျနိုင်ပါတယ်။   ရုတ်တရက် မိသားစုနဲ့ဝေးရတဲ့အခါမှာ အထီးကျန်ဆန်ပြီး အိမ်ကိုလွမ်းဆွတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ ဝေးတဲ့အခါမှာလည်း ဒီလိုခံစားချက်မျိုး ဖြစ်တတ်ပါတယ်။ မိမိတို့ရဲ့ ယဉ်ကျေးမှုနဲ့ မတူတဲ့ နေရာတစ်ခုမှာ အစားအသောက်ကအစ ဘာသာစကား၊ နေထိုင်မှုပုံစံတွေကအစ မတူတဲ့အတွက် ကိုယ့်အိမ်ကို ပြန်ချင်တဲ့စိတ်တွေ ပိုဖြစ်လာနိုင်ပါတယ်။ နေထိုင်ရတဲ့ပတ်ဝန်းကျင်အသစ်မှာ ကိုယ့်ကိုယ်ကို လုံခြုံတယ်လို့ မခံစားရတဲ့အခါမှာလည်း အိမ်လွမ်းနာကျခြင်း ခံစားရနိုင်ပါတယ်။  အလုပ်အသစ်၊ ကျောင်းအသစ်မှာ…

ကိုယ်ဝန်ပျက်ကျငြခ်း အမျိုးအစားများ
| | | |

ကိုယ်ဝန်ပျက်ကျငြခ်း အမျိုးအစားများ

ဒီဆောင်းပါးလေးမှာဆိုရင်တော့ ကိုယ်ဝန်ပျက်ကျခြင်း အမျိုးအစားလေးတွေကို အဓိက မျှဝေပေးသွားမှာဖြစ်ပါတယ်။ ကိုယ်ဝန် (၂၀) ပတ်မတိုင်ခင်ကလေးဆုံးရှုံးလိုက်ရခြင်းကို ကိုယ်ဝန်ပျက်ကျခြင်းလို့ခေါ်ပါတယ်။ (၂၀) ပတ်နောက်ပိုင်းမှ ကလေးဆုံးရှုံးသွားတာကိုတော့ “Stillbirth” အရပ်အခေါ် အသေမွေးတယ်လို့ သတ်မှတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် (၅) ယောက်မှာ (၁) ယောက်က ကိုယ်ဝန်ပျက်ကျလေ့ရှိပြီး ကိုယ်ဝန်ရှိမှန်းမသိလိုက်ရခင် ပျက်ကျသွားသူတွေလည်းရှိပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာတွေက များသောအားဖြင့် (၂) မျိုးတွေ့ရပါတယ်။ ဝမ်းဗိုက်နာကျင်ခြင်း မိန်းမကိုယ်မှ သွေးဆင်းခြင်း ကိုယ်ဝန်ပျက်ကျခြင်း အမျိုးအစားများတွေကတော့… Threatened Miscarriage ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာတွေပြနေတာကို Threatened Miscarriage လို့ခေါ်ပါတယ်။ သွေးအနည်းငယ်ဆင်းတာ၊ ဝမ်းဗိုက်အောက်ပိုင်းနာကျင်တာတွေကို ရက်အနည်းငယ်ကြုံတွေ့ရနိုင်ပေမဲ့ သားအိမ်ခေါင်းကတော့ပိတ်နေဆဲဖြစ်ပါတယ်။ အချိန်မီကုသနိုင်ပါက ကလေးအသက်ကို မဆုံးရှုံးရအောင်ကာကွယ်နိုင်ခြေများပြားပါသေးတယ်။ Inevitable Miscarriage Threatened Miscarriage ဖြစ်ပြီးနောက်ဆက်တွဲအနေနဲ့ဖြစ်တတ်သလို ကြိုတင်လက္ခဏာမပြဘဲလည်း ဖြစ်တတ်ပါတယ်။ သွေးပမာဏများများပိုဆင်းပြီး ဝမ်းဗိုက်အောက်ပိုင်းနာကျင်မှုကိုလည်း…