မိုးရာသီမှာ အသားအရည်နဲ့ဆံပင်မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ?

မိုးရာသီမှာ အသားအရည်နဲ့ဆံပင်မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ?

မိုးရာသီမှာ ပူနွေးစွတ်စိုတဲ့ရာသီဥတုကြောင့် အသားအရည် တွေမပျက်စီးအောင် ဂရုစိုက်ရမဲ့နည်းလမ်းတွေကိုပြောပြပေးချင်ပါတယ်။ ပူနွေးစွတ်စိုမှုကြောင့် အသားအရည် မှာ အဆီ၊ ချွေး၊ အညစ်အကြေး၊ ဖုန်မှုန့်၊ မိတ်ကပ်အကြွင်းအကျန်တွေက ချွေးပေါက်ထဲပိုပိတ်မိနေတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဆေးကြောသန့်စင်ရမဲ့အပြင် တစ်ပတ်နှစ်ကြိမ်လောက် ချေးချွတ်ပေးသင့်ပါတယ်။ ပူနွေးစွတ်စိုမှုကြောင့်ပဲ မိတ်ကပ်ခပ်ထူထူလိမ်းတဲ့အခါ အဆီပြန်လွယ်တာ၊ အဆီတွေပိုထွက်လာတာ၊ ချွေးပေါက်ပိတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Foundation ထူထူအစား BB cream ၊ CC cream လောက်လိမ်းပြီး ပေါ့ပါးတဲ့မိတ်ကပ်နဲ့နေပါ။ အရေပြားရဲ့ ခုခံအားကိုမြင့်တက်စေပြီး အသားအရည်ပြဿနာတွေလွယ်လွယ်မဖြစ်အောင် ဗီတာမင်စီကြွယ်ဝတဲ့အသီးအနှံတွေစားပေးသင့်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့ Skincare တွေလည်းသုံးပေးနိုင်ပါတယ်။ မိုးအုံ့နေပေမဲ့ UV rays တွေကအသားအရည်ကို ထိခိုက်နိုင်ပါသေးတယ်။ ဒါကြောင့် နေရောင်ကာခရင်မ်ကို အမြဲပုံမှန်လူးပေးသင့်ပါတယ်။ မိုးရာသီမှာ အသားအရည်က အစိုဓာတ်ရှိနေတတ်ပေမဲ့ အစိုဓာတ်ထိန်းခရင်မ်ထပ်လိမ်းစရာ လိုနေပါသေးတယ်။…

မိုးတွင်းမှာ အမြဲလုပ်သင့်တဲ့ အကြောလျှော့ လေ့ကျင့်ခန်းများ

မိုးတွင်းမှာ အမြဲလုပ်သင့်တဲ့ အကြောလျှော့ လေ့ကျင့်ခန်းများ

မိုးအေးအေးနဲ့ အိပ်ရာထဲကွေးလို့ကောင်းတုန်းလား? ကွေးပါများပြီး ခန္ဓာကိုယ်တစ်ခုလုံးညောင်းချိနေနိုင်တာကြောင့် အကြောလျှော့ လေ့ကျင့်ခန်း လောက်တော့ လုပ်ပေးသင့်ပါတယ်။ မိုးတွင်းမှာ လုပ်ပေးသင့်တဲ့ အကြောလျှော့ လေ့ကျင့်ခန်း အချို့ကို ဖော်ပြပေးရင်း ကောင်းကျိုးအချို့ကိုလည်း ပြောပြပေးချင်ပါတယ်။ အချိန်တိုင်း မိုးရွာနေတာနဲ့ပဲ အပြင်ထွက်ပြီးလေ့ကျင့်ခန်းမလုပ်ဖြစ်တဲ့အခါ အများစုခံစားရတာက ခေါင်းမကြည်တာပါပဲ။ အကြောလျှော့ နေချိန်မှာ အသက်ရှူသွင်းရှူထုတ်မှန်မှန်လုပ်ရင်း ဦးနှောက်ဆီအောက်စီဂျင်ရောက်ရှိတာကြောင့် ခေါင်းကြည်လင်စေပါတယ်။ လှုပ်ရှားမှုနည်းတာနဲ့အတူ အဆစ်အမြစ်တွေက အကွေးအဆန့်လုပ်တဲ့အခါ မသွက်လက်တော့ပဲ လေးလံနာကျင်နေတတ်ပါတယ်။ အကြောလျှော့ ပေးလိုက်မယ်ဆို အရိုးအဆစ်တွေက လှုပ်ရှားရပိုသွက်သွားပြီး ပေါ့ပေါ့ပါးပါးရှိသွားမှာပါ။ အိပ်ရာထဲ‌ကွေးပြီး ပြန်ထလိုက်တဲ့အခါ ကြွက်သားတွေ ညောင်းသလို၊ နာသလိုဖြစ်တတ်ပါသေးတယ်။ ဒါပေမဲ့စိတ်မပူပါနဲ့။ မနက်တိုင်း ဒါမှမဟုတ် ညနေတိုင်းအကြောလျှော့မယ်ဆို ကြွက်သားတွေပြေလျော့ပြီး စိတ်လည်း လေးလံမနေတော့ပဲ relax ဖြစ်သွားပါလိမ့်မယ်။ အကြောလျှော့ ရင်းနဲ့ တစ်ခါတည်း ကိုယ်ခံအားမြင့်တင်ပြီးသားဖြစ်အောင် လုပ်သင့်တာကတော့…

သွေးလွန်တုပ်ကွေး ဖြစ်နေတဲ့ ကလေးငယ်ကို ပြုစုတဲ့အခါ…

သွေးလွန်တုပ်ကွေး ဖြစ်နေတဲ့ ကလေးငယ်ကို ပြုစုတဲ့အခါ…

သွေးလွန်တုပ်ကွေး ရောဂါဟာ ဖြစ်ပွားပြီး (၃) ရက်ကနေ (၇) ရက်အတွင်းမှာ ရုတ်တရက်ပြင်းထန်လာတာမျိုးဖြစ်နိုင်တာကြောင့် တုပ်ကွေးဖြစ်နေတဲ့ ကလေးငယ်ကို မျက်ခြေမပြတ်စောင့်ကြည့်နေသင့်ပါတယ်။ ❗ အဖျားတက်နေချိန်မှာ ✅ ကိုယ့်စိတ်ကြိုက် ပိုးသတ်ဆေးတွေ မတိုက်သင့်ဘဲ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ အချိန်မှန်တိုက်ပေးပါ။✅ လူနာကို ရေဝတ်အေးအေးလေးကပ်ပေးနိုင်ပါတယ်။✅ အညိုရောင်အစားအစာများကို မကျွေးပါနဲ့။✅သွေးလွန်တုပ်ကွေးကြောင့် ရေဓာတ်အလွန်အမင်းဆုံးရှုံးနိုင်တဲ့အတွက် ရေနဲ့ဓာတ်ဆားကို များများတိုက်ပေးပါ။ စွပ်ပြုတ်ပူပူနဲ့ ဆန်းကစ်ဖျော်ရည်လို သဘာဝအသီးဖျော်ရည်တွေလည်း တိုက်နိုင်ပါတယ်။  သွေးလွန်တုပ်ကွေး ခြင်ကနေ ရောဂါထပ်မကူးစက်နိုင်အောင် ✅ လူနာကို ခြင်ထောင်အောက်မှာပဲ အမြဲနေပါစေ။✅ ခြင်လုံသံဇကာကပ်ထားခြင်း၊ ခြင်မလာအောင် တံခါးပိတ်ထားခြင်းများ လုပ်ပါ။ ✅ ပတ်ဝန်းကျင်က ခြင်အောင်းနိုင်တဲ့နေရာများကို  အောက်ပါလက္ခဏာများပေါ်လာရင် ဆေးရုံဆေးခန်းကိုအမြန်ဆုံးခေါ်သွားပေးပါ။ ❎ ဆီးအသွားအလွန်နည်းခြင်း❎ လသားကလေးတွေမှာ ငိုနေပေမဲ့မျက်ရည်မထွက်တော့ခြင်း❎ ပါးစပ်၊ နှုတ်ခမ်း၊ လျှာတွေခြောက်သွေ့နေခြင်း❎ မျက်တွင်းများချောင်ပြီးကျနေခြင်း❎ ပျော့ခွေနေခြင်း❎ နှလုံးခုန်သံများအဆက်မပြတ်မြန်လာခြင်း❎ ခြေဖျားလက်ဖျားတွေ အရမ်းအေးနေခြင်း❎ လသားကလေးများမှာ…

မိုးရာသီမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ့် အချက်(၁၀) ချက် 😶‍🌫️

မိုးရာသီမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ့် အချက်(၁၀) ချက် 😶‍🌫️

မိုးရာသီဆိုတာ အေးမြတဲ့မိုးရေစက်လေးတွေကြောင့် အိပ်ရာထဲကွေးလို့ကောင်းသလို မတော်တဆဘေးအန္တရာယ်နဲ့ ကျန်းမာရေးထိခိုက်မှုတွေများတတ်တဲ့ကာလလည်း ဖြစ်ပါတယ်။ မိုးရာသီကို ဘေးကင်းလုံခြုံကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ဖို့ သင်ကိုယ်တိုင် ဂရုစိုက်ရမယ့် အချက် (၁၀) ချက်ကို ပြောပြပေးချင်ပါတယ်။😎 (၁) မိုးရေထဲ ခဏခဏလမ်းမလျှောက်ပါနဲ့။မိုးရေတွေအိုင်နေတဲ့လမ်းပေါ်လျှောက်ရတာဟာ ပျော်စရာကောင်းတယ်ထင်ရပေမဲ့ ဘက်တီးရီးယားတွေ၊ ကူးစက်ရောဂါပိုးတွေ အပြည့်ရှိနေတတ်လို့ ခဏခဏလမ်းပေါ်မထွက်သင့်ပါဘူး။ ရွှံ့ဗွက်အိုင်တွေထဲ ဖြတ်သန်းလာပြီးရင် သေချာပြန်ဆေးကြောသန့်စင်ပြီး နွေးနွေးထွေးထွေးနေသင့်ပါတယ်။ (၂) မိုးကာ (သို့) ထီးအမြဲဆောင်ထားပါ။မိုးက ဘယ်အချိန်ရုတ်တရက်ရွာချမလဲမသိနိုင်တာကြောင့် မိုးမမိအောင် မိုးကာနဲ့ထီးတွေဆောင်ထားသင့်ပါတယ်။ ဒါက သင့်ကိုမိုးမစိုစေပဲ အအေးမိ၊ နှာစေး၊ဖျားနာခြင်းတွေကနေကာကွယ်ပေးနိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ (၃) လျှပ်စစ်မီးကြိုးတွေကို လုံးဝသွားမထိပါနဲ့။လမ်းပေါ်မှာ ပြုတ်ကျနေတဲ့မီးကြိုးတွေကို သွားမထိသင့်ပါဘူး။ ပြုတ်ကျနေတဲ့နေရာနားက ရေတွေကိုလည်း မထိသင့်ဘဲရှောင်သွားသင့်ပါတယ်။ ကားပါကင်ထိုးရာမှာလည်း မီးကြိုးတွေမရှိတဲ့‌အောက် လွတ်ကင်းတဲ့နေရာမှာ ထိုးသင့်ပါတယ်။ (၄) ပိုးကောင်တွေနဲ့ ဝေးဝေးနေပါ။အင်းဆက်ပိုးကောင်လေးတွေ ပေါများတဲ့ ချုံပုတ်၊…

ပန်ကာလေ ခံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ပန်ကာလေ ခံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ရာသီဥတုပူလို့ အိပ်မရတာနဲ့ တစ်ညလုံးပန်ကာဖွင့်၊ ပန်ကာလေ တဖြူးဖြူးနဲ့ အိပ်ကြတဲ့သူတွေရှိကြမှာပါ။ လေတအေးအေးနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်စေပေမဲ့ အခြားဆိုးကျိုးလေးတွေလည်း ရှိနေတာကို သတိပြုစေချင်ပါတယ်။ ပန်ကာလေ အကြာကြီးခံလိုက်ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင် ❗️ (၁) ချွဲပိတ်စေခြင်းပန်ကာလေက ပါးစပ်၊ နှာချောင်းနဲ့ လည်ချောင်းတွေကို ခြောက်သွေ့စေပြီး ချွဲတွေများများထွက်စေပါတယ်။ နှာစေးတာ၊ လည်ချောင်းနာကျင်ရောင်ရမ်းတာ၊ ချွဲကျပ်တာတွေခံစားရနိုင်ပါတယ်။ (၂) ဓာတ်မတည့်ခြင်းပန်ကာထဲမှာ ဖုန်နဲ့အညစ်အကြေးတွေ ကပ်တွယ်နေတတ်ပါတယ်။ ပန်ကာလှည့်တဲ့အခါ လေနဲ့အတူ ဒီဖုန်မှုန့်တွေက လွင့်သွားတဲ့အတွက် ဓာတ်မတည့်မှုတွေဖြစ်ပြီး အသက်ရှူကျပ်တာ၊ နှာခေါင်းယားယံတာ၊ နှာချေတာ၊ မျက်ရည်ပူကျတာတွေ ဖြစ်တတ်ပါတယ်။ (၃) မျက်လုံးနဲ့အသားအရည်ခြောက်သွေ့ခြင်းမျက်လုံးခြောက်သွေ့ပြီး နီရဲတာ၊ မျက်ရည်ကျတာ၊ ရောင်ရမ်းတာတွေဖြစ်တတ်တဲ့အပြင် အသားအရည်လည်းခြောက်သွေ့စေပါတယ်။ (၄) ကြွက်သားနာကျင်ခြင်းပန်ကာလေကြာကြာခံရင် ကြွက်သားတွေတင်းပြီး ကြွက်တက်တာမျိုး ဖြစ်စေပါသေးတယ်။ တစ်ညလုံး ပန်ကာလေခံပြီး မိုးလင်းတဲ့အခါ…

သားသားမီးမီးတို့ရဲ့ မျက်လုံးကျန်းမာရေး ကို ဂရုစိုက်ပေးဖို့ မမေ့လိုက်ပါနဲ့
|

သားသားမီးမီးတို့ရဲ့ မျက်လုံးကျန်းမာရေး ကို ဂရုစိုက်ပေးဖို့ မမေ့လိုက်ပါနဲ့

Online Learning တွေများလာတဲ့ ဒီနေ့ခေတ်ပညာရေးနဲ့အတူ ဖုန်းကြည့်ပါများတဲ့ Lifestyle ကြောင့် သားသားမီးမီးလေးတို့ရဲ့ မျက်လုံးကျန်းမာရေး ကို အရင်ထက်ပိုပြီးဂရုစိုက်ပေးဖို့ လုံးဝမမေ့သင့်ပါဘူးနော်။ အကယ်၍ ကိုယ့်မိသားစုထဲမှာ အမြင်အာရုံအားနည်းတဲ့သူ၊ မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါဖြစ်ဖူးသူရှိမယ်ဆို သားသားမီးမီးတို့မှာလည်း ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် မျက်စိအထူးကုဆရာဝန်များနဲ့တိုင်ပင်ပြီး ကာကွယ်ကုသမှုတွေလုပ်သင့်ပါတယ်။ Eye Screening Test လို့ခေါ်တဲ့ အမြင်အာရုံစစ်ဆေးမှုတွေကို ပုံမှန်လေး အသက်အရွယ်အလိုက်လုပ်သွားသင့်ပါတယ်။ ရယ်ဒီမိတ်အစားအစာတွေအစား ဟင်းသီးဟင်းရွက်၊ အသီးအနှံလေးတွေများများပိုကျွေးပြီး စားတတ်အောင်လေ့ကျင့်ပေးထားသင့်ပါတယ်။ ဒါမှလည်း မျက်လုံးကျန်းမာရေးအတွက် လိုအပ်တဲ့ဗီတာမင်တွေရရှိမှာပါ။ ကမ်းခြေနဲ့ အခြားပူပြင်းတဲ့ဒေသတွေကို ခရီးထွက်တဲ့အခါ ကလေးတပ်တဲ့နေကာမျက်မှန်လေးတွေ မဖြစ်မနေတပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ အပြင်ထွက်ဆော့ကစားတာ၊ ပန်းခြံထဲလမ်းလျှောက်တာ၊ သဘာဝနဲ့ထိတွေ့ပေးတာတွေက အမြင်အာရုံကြည်လင်စေလို့ နေအရမ်းမပူတဲ့အချိန်တွေမှာ ကလေး‌ကို အပြင်ထွက်လည်စေချင်ပါတယ်။ ကလေးတွေရဲ့သဘာဝအရ တွေ့ကရာလျှောက်ကိုင်ပြီး မျက်လုံးကိုပွတ်မိတာမျိုးဖြစ်တတ်တဲ့အတွက် ပိုးသတ်ဆေး၊ ဓာတုပစ္စည်းပါတဲ့ဆေးတွေ၊ ပစ္စည်းတွေကို ကလေးတွေနဲ့ဝေးရာထားပေးပါ။…

လည်ပင်းအရှေ့ပိုင်းနဲ့ ဂုတ်ပိုး ခဏခဏနာနေလား?
|

လည်ပင်းအရှေ့ပိုင်းနဲ့ ဂုတ်ပိုး ခဏခဏနာနေတာ ဘာကြောင့်လဲ

လည်ပင်းအရှေ့ပိုင်းနဲ့ ဂုတ်ပိုး တွေခဏခဏနာနေလား? ဒါက ဘာကြောင့်များပါလိမ့်။ ကိုယ်ခံစားရတဲ့နာကျင်မှုပုံစံကိုကြည့်ပြီး ဘာဖြစ်နေလဲ၊ ဘာကြောင့်နာလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်! ကြွက်သားနာကျင်ခြင်းအကြာကြီးခေါင်းငုံ့ထားရတာလို အပြင်ပိုင်းဖိအားများတဲ့လှုပ်ရှားမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ Stress တွေကြောင့်ဖြစ်တတ်ပါတယ်။ Muscle Spasm အာရုံကြော(သို့) Spinal Disc ကိုထိခိုက်မိပြီး ရုတ်တရက်ကြွက်သားတွေတင်းပြီးနာကျင်တာမျိုးဖြစ်ပါတယ်။ များသောအားဖြင့် မနက်အိပ်ရာနိုးချိန် လည်ပင်းနားမှာတင်းပြီးနာကျင်နေတာမျိုးကို ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းလည်ပင်းအပေါ်ပိုင်းနဲ့ဂုတ်ပိုးတွေမှာ စူးပြီးကိုက်ခဲခြင်းဖြစ်ပါတယ်။ လည်ပင်းကိုလှုပ်ရှားလေလေ ၊ပိုနာလေလေပါပဲ။ အဆစ်နာခြင်းလည်ပင်းနားက အဆစ်နာကျင်ရောင်ရမ်းခြင်းဖြစ်ပြီး ဖြစ်နေတဲ့ဘက်ကိုခေါင်းစောင်းမိရင် ပိုနာသွားနိုင်ပါတယ်။ မနက်ပိုင်းနဲ့ လှုပ်ရှားမှုမရှိတဲ့အချိန်တွေမှာ ပိုနာတတ်ပါတယ်။ အာရုံကြောရောင်ခြင်းအာရုံကြောရောင်ရမ်းပါက လည်ပင်းသာမက ဆက်စပ်နေတဲ့လက်မောင်း၊ လက်ဖျံတွေအထိ ပြင်းပြင်းထန်ထန်နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အရိုးနာကျင်ခြင်းအဖြစ်နည်းပေမယ့် ပြင်းထန်တဲ့ရောဂါဖြစ်တာကြောင့် လည်ပင်းရိုးနားတဝိုက်နာကျင်နေပြီဆို လိုအပ်တဲ့ကုသမှုကိုအမြန်ဆုံးခံယူသင့်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ထပ်မဖြစ်စေဖို့ သတိထားသင့်တဲ့ "S" လေးလုံး
|

သွေးလွန်တုပ်ကွေးရောဂါ ထပ်မဖြစ်စေဖို့ သတိထားသင့်တဲ့ “S” လေးလုံး

သွေးလွန်တုပ်ကွေးရောဂါ က တစ်ကြိမ်ထက်ပိုပြီးဖြစ်နိုင်ပါသလား? ဒီမေးခွန်းနဲ့ပတ်သက်ပြီး အဖြေလေးကတော့ သွေးလွန်တုပ်ကွေးရောဂါက တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခါထပ်ဖြစ်နိုင်ခြေရှိပါသေးတယ်။ သွေးလွန်တုပ်ကွေးအမျိုးအစား (၄) မျိုးအထိရှိပြီး လူတစ်ယောက်က သွေးလွန်တုပ်ကွေးအမျိုးအစား နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုပြီးဖြစ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံးကို ပြောပြပေးပါရစေ။ Search ရှာဖွေပါ။ ခြင်ခိုအောင်းနေနိုင်တဲ့ ရေအိုးအဟောင်း၊ ရေအိုင်၊ မြောင်း၊ စည်ပိုင်းတွေကိုရှာဖွေပြီး ရေတွေသွန်ပစ်ပါ။ ချုံနွယ်တွေ ရှာပြီး ရှင်းလင်းပါ။ Self Protection ကိုယ်တိုင်ကာကွယ်ပါ။ ခြင်ကိုက်မခံရအောင် ခြေလက်ဖုံးတဲ့အဝတ်အစားတွေဝတ်ပါ။ ခြင်ထောင်ထောင်အိပ်ပါ။ ခြင်ကိုက်မခံရတဲ့ဆေးလူးပါ။ Say No ငြင်းဆန်ပါ။ ဘာကိုငြင်းဆန်ရမလဲဆိုတော့ စနစ်တကျမရှိဘဲ ပတ်ဝန်းကျင်မှာခြင်ဆေးဖျန်းခြင်းကို ငြင်းဆန်ရမှာပါ။ မိုးစိုတာ၊ လေတိုက်တာ စတဲ့အချက်တွေကြောင့် ခြင်ဆေးဘယ်လောက်ဖျန်းဖျန်း ခြင်တွေကိုမသေစေဘဲ ပိုပြီးခံနိုင်ရည်ရှိအောင်လုပ်မိသလိုဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခြင်ဆေးဖျန်းမယ်ဆို စနစ်တကျလုပ်ဖို့လိုအပ်ပါတယ်။…

ဆောင်ထားသင့်တဲ့ အိမ်သုံးဆေးဝါးများ
|

ဆောင်ထားသင့်တဲ့ အိမ်သုံးဆေးဝါးများ

ဖျားနာခြင်း၊ အအေးမိနှာစေးခြင်း၊ ချောင်းဆိုးခြင်းတွေဖြစ်တဲ့အခါ အိမ်မှာပဲ သင့်တော်တဲ့ဆေးတွေသောက်ရင်း သက်သာနိုင်အောင် အိမ်သုံးဆေးဝါးများ ပါရှိနေတဲ့ ဆေးသေတ္တာလေးတစ်လုံးတော့ ထားရှိသင့်ပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေရှိတဲ့မိသားစုတွေမှာ ကလေးရုတ်တရက်နေမကောင်းဖြစ်တဲ့အခါ တိုက်ကျွေးနိုင်ဖို့ ဆေးသေတ္တာရှိသင့်ပါတယ်။ ဒီဆေးသေတ္တာထဲ ဘာဆေးတွေ အလွယ်တကူဆောင်ထားရမလဲဆိုတာ ပြောပြပေးပါမယ်။ ပါရာစီတမော ပါရာစီတမောက မသိသူမရှိတဲ့အကိုက်အခဲပျောက်ဆေးဖြစ်သလို နာကျင်မှု၊ ကိုက်ခဲမှုနဲ့ အဖျားတက်တဲ့အခါတွေမှာ 4-6 နာရီခြားပြီး သောက်ပေးနိုင်ပါတယ်။ နို့တိုက်မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်တွေလည်း သောက်နိုင်ပါတယ်။ Ibuprofen ခေါင်းကိုက်တာ၊ သွားကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ဓမ္မတာလာစဉ်နာကျင်တာနဲ့ အဆစ်အမြစ်နာတာတွေကို သက်သာစေတဲ့ဆေးဖြစ်ပါတယ်။ ရောင်ရမ်းနာကျင်မှုတွေနဲ့အတူ အဖျားတက်တာကို ကုသပေးပါတယ်။ သွေးတိုးတတ်သူ၊ ကိုယ်ဝန်ဆောင်နဲ့ အစာအိမ်ဝေဒနာရှိနေသူတွေအတွက်တော့ သောက်သုံးရန်မသင့်တော်ပါဘူး။ Antihistamines Allergy ဓာတ်မတည့်မှုတွေအတွက် သောက်သုံးရန်ဖြစ်ပါတယ်။ အင်းဆက်တွေ အကိုက်ခံရတာ၊ ဆူးစူးမိပြီး ဓာတ်မတည့်တာ၊ ပန်းဝတ်မှုန်နဲ့မတည့်တာ၊ ပျားတုပ်ခံရတာ၊…

အိပ်ပြီး ဝိတ်ချကြမယ်
|

အိပ်ပြီး ဝိတ်ချကြမယ်

ဟုတ်ပါတယ်။ အိပ်စက်ခြင်းက ကိုယ်အလေးချိန်ချတာကိုအထောက်အပံ့ဖြစ်စေပါတယ်။ တကယ်လို့များ အိပ်စက်ပြီး ဝိတ်ချကြမယ် လို့ ဆိုလာခဲ့ရင် ပရိတ်သတ်ကြီး သဘောတွေ့စရာ ကိစ္စတစ်ခုများ ဖြစ်သွားလေမလား။ သုတေသနစာတမ်းတစ်ခုအရ ညဘက်တစ်နာရီပိုအိပ်တာ က အိပ်မပျော်တတ်တဲ့ကိုယ်အလေးချိန်များသူတွေမှာ ၂၇၀ ကယ်လိုရီ လျော့စားဖြစ်စေတယ်လို့ ဆိုထားပါတယ်။ (၂၇၀ ကယ်လိုရီ ဆိုတာ ချိစ်ဘာဂါတစ်လုံး (သို့) ကြက်ဥအလုံးကြီး လေးလုံးစာနီးပါးရှိတဲ့ ပမာဏနဲ့ ညီမျှပါတယ်) ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့သူတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပုံစံအတိုင်းစားသောက်ဖြစ်ဖို့ အကူအညီပိုဖြစ်စေတာ ဖြစ်ပါတယ်။ ဘယ်နည်းဘယ်ပုံ အိပ်ရင်း ဝိတ်ချကြမယ် အိပ်စက်ပြီး ဝိတ်ချကြမယ် ။ အိပ်စက်ချိန်တိုးလိုက်တဲ့အခါ သရေစာပိုစားမိတဲ့အချိန်ကို လျော့စေတဲ့အချက်ကြောင့်တင်မကဘဲ အစာစားချင်စိတ်၊ ဗိုက်ပြည့်တာ၊ ဗိုက်ဆာတာစတဲ့ခံစားချက်တွေအပေါ်မှာ သက်ရောက်မှုရှိစေနိုင်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညအိပ်မပျော်တဲ့အခါ ဆာလောင်စေတဲ့ ဟော်မုန်းတစ်မျိုး(ဂရီလင်ဟော်မုန်း) ရဲ့ပမာဏကို ပိုတက်စေပြီး ဆာလောင်မှုကို ထိန်းချုပ်တဲ့ဟော်မုန်း…