ဝမ်းအရောင် ပြောင်းနေတာ ဘာကြောင့်ဖြစ်နိုင်သလဲ
ဝမ်းအရောင် က ကိုယ်စားလိုက်တဲ့အစားအစာနဲ့ သည်းခြေရည်ပမာဏပေါ်မူတည်ပြီး အညိုရောင်ကနေ အစိမ်းရောင်အထိရှိတတ်ပါတယ်။
အဆီတွေကို ချေဖျက်ထားရတဲ့ဝမ်းအရောင်ကတော့ အစိမ်းဖန့်ဖန့်အဝါရောင်အရည်ဖြစ်နေတတ်ပါတယ်။ သည်းခြေရည်ထဲက အရောင်ဖြစ်ပေါ်စေတဲ့ပစ္စည်းတွေဟာ အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက်က အင်ဇိုင်းတွေရဲ့ပြုပြင်မှုကိုခံရတာကြောင့် အစိမ်းရောင်ကနေ အညိုရောင်ပြောင်းပြီးဝမ်းသွားလေ့ရှိပါတယ်။
ကိုယ့်ရဲ့ဝမ်းအရောင်ပြောင်းလဲမှုက ဘာတွေကိုညွှန်ပြနေနိုင်လဲ
အစိမ်းရောင် အစိမ်းရင့်ရောင်ဟင်းရွက်တွေ၊ အစိမ်းရောင်ဆိုးထားတဲ့အစားအစာတွေ၊ သံဓာတ်အားဖြည့်ဆေးတွေသောက်ထားရင် အစိမ်းရောင်ဝမ်းသွားတတ်ပါတယ်။ ဝမ်းပျက်တာကြောင့်လည်း ဝမ်းအစိမ်းရောင်သွားတတ်ပါတယ်။
ဝမ်းအရောင်ဖျော့/ရွံ့စေးရောင် သည်းခြေရည်ပြွန် ထိခိုက်မိတာကြောင့် သည်းခြေရည်မထုတ်နိုင်တဲ့အတွက် ဒီလိုဝမ်းအရောင်ဖျော့နေနိုင်ပါတယ်။ ဝမ်းပိတ်ဆေးအပါအဝင် အခြားဆေးဝါးတွေကြောင့် ဖြစ်နိုင်ပါတယ်။
အဝါရောင်ရှိပြီး အနံ့လည်းဆိုးနေခြင်း Celiac Disease လို့ခေါ်တဲ့ Gluten နဲ့ဓာတ်မတည့်တဲ့ရောဂါမျိုးကြောင့် Malabsorption (ကောင်းစွာမစုပ်ယူနိုင်ခြင်း) ဖြစ်ပြီး ဝမ်းထဲအဆီများများပါနေတဲ့အတွက် ဒီလိုအရောင်၊ အနံ့ဖြစ်နေတတ်ပါတယ်။ ပေါင်မုန့် ၊ Cereal လို အစားအစာတွေစားပြီးရင်လည်း ဖြစ်နိုင်ပါတယ်။
ဝမ်းအမည်းရောင် အစာအိမ်နဲ့အူလမ်းကြောင်းအပေါ်ပိုင်း (အထူးသဖြင့် အစာအိမ်) မှာ သွေးယိုစီးနေခြင်းဖြစ်ပါတယ်။ သံဓာတ်အားဖြည့်ဆေးတွေအသောက်များတာလည်း ဖြစ်တတ်ပါတယ်။
အနီရောင် အူအောက်ပိုင်းမှာ သွေးယိုစီးခြင်းဖြစ်နိုင်ပါတယ်။ အနီရောင်အစားအစာတွေစားမိတာကြောင့်လည်းကြုံရတတ်ပါတယ်။
ဝမ်းအရောင်က အမည်းရောင် ဒါမှမဟုတ် အနီရောင်ဖြစ်နေပြီး သွေးပါတဲ့အနေအထားမျိုးဖြစ်နေတယ်ဆို ဆရာဝန်ဆီမဖြစ်မနေသွားရောက်ပြသသင့်ကြောင်း နောက်ဆုံးပိတ်အနေနဲ့အကြံပြုပါရစေ။