ယောကျာ်းလေးအများစု သိချင်ကြတဲ့ သုတ်လွှတ်မြန် တဲ့ပြဿနာ…
ယောကျာ်းလေးအုပ်စု သုံးပုံပုံ တစ်ပုံလောက်က လိင်ဆက်ဆံတဲ့အခါ စောစောပြီးပြီးသွားတယ် သုတ်လွှတ်မြန် တယ်ဆိုတဲ့ပြဿနာမျိုးဖြစ်တတ်ကြပါတယ်။
မြန်တယ်ဆိုတာကို ဘယ်လိုသတ်မှတ်နိုင်လဲဆိုရင် ယောကျာ်းလေးအင်္ဂါက မိန်းကလေးအင်္ဂါထဲထိုးသွင်းပြီးတဲ့အခါ တစ်မိနစ်အတွင်းမှာတင် သုတ်ထွက်သွားတယ်၊ သုတ်လွှတ်တာနှေးအောင်ထိန်းထားလို့မရဘူးဆိုရင်တော့ သင့်မှာ သုတ်လွှတ်မြန်နေတဲ့ပြဿနာရှိနေတယ်လို့ပြောလို့ရပါပြီ။
ဒီ သုတ်လွှတ်မြန် တာဟာ တစ်ဘဝလုံး(lifelong) ဖြစ်တတ်တာရှိသလို အရင်က သုတ်လွှတ်မြန်တာနဲ့ပတ်သက်ပြီး လိင်ဆက်ဆံတာအဆင်မပြေတဲ့အတွေ့အကြုံတွေကြောင့် အခုထိပြဿနာဖြစ်နေတာလည်းဖြစ်နိုင်ပါတယ်။
သုတ်လွှတ်မြန် တာတွေကတခြားဘာ့ကြောင့်ဖြစ်နိုင်လဲဆိုရင်….
စိတ်ဓာတ်ကျတာ၊ စိတ်ပူတာ၊ အပြစ်မကင်းသလိုခံစားရတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာ စတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ဖြစ်နိုင်သလို
- မိမိနဲ့ လိင်ဆက်ဆံမယ့်သူနဲ့ ပြေလည်မှုမရှိတာ၊ ပြဿနာဖြစ်ထားတာ၊
- မိမိ partner နဲ့မဟုတ်ပဲ တခြား partner နဲ့ စိတ်ကျေနပ်မှုရလောက်တဲ့ ဆက်ဆံရေးမျိုးရှိဖူးတာ
- ပန်းသေပန်းညှိးဖြစ်တာ
- ပုံမှန်မဟုတ်တဲ့ဟော်မုန်းအပြောင်းအလဲတွေ
- ဆီးကျိတ်၊ ဆီးလမ်းကြောင်းမှာ ပိုးဝင်တာ၊ရောင်နေတာ
- ကလေးမရနိုင်တဲ့ပြဿနာတွေ
- မျိုးရိုးလိုက်တာတွေ များစွာကြောင့်ဖြစ်နိုင်ပါတယ်။
🤷♂️ အကယ်၍ သုတ်လွှတ်မြန် တာရော ယောကျာ်းလေးအင်္ဂါထောင်မတ်တဲ့ပြဿနာရော
ရှိနေပြီဆိုရင်တော့ ကျားဟော်မုန်း level နဲ့ တခြားစစ်ဆေးမှုတွေပြုလုပ်ရတတ်ပါတယ်။
ကုသမှုအနေနဲ့ကတော့….
ဆရာဝန်က သုတ်လွှတ်တာနှေးစေဖို့ လိင်ဆက်ဆံပုံကိုပြောပြဆွေးနွေးပေးတာ
စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပေးတာ
ဆေးပေးကုသတာ စသဖြင့်ရှိပါတယ်။
ဒေါက်တာလဝန်းရိပ်