ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ Probiotics သောက်သင့်သလား?

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ဓာတ်ဆားရည်သောက်ဖို့ ဆရာဝန်တွေမှာလေ့ရှိသလို တခါတလေမှာ Probiotics အမှုန့်ထုတ်လေးတွေလည်း သောက်ဖို့ညွှန်ကြားတတ်ပါတယ်။

❓ဘယ်ဟာကို သောက်ဖို့ပိုအရေးကြီးသလဲ

🚻ဝမ်းပျက်ဝမ်းလျှော(အထူးသဖြင့် ပြင်းထန်ဝမ်းလျှောရောဂါ )ဖြစ်တဲ့အခါ ကိုယ်မှာရှိတဲ့

💧ရေဓာတ်တွေဆုံးရှုံးသွားသလို ဆိုဒီယမ်၊ ပိုတက်စီယမ်ဓာတ်တွေလည်း ဆုံးရှုံးသွားတယ်။

ဒီဆုံးရှုံးသွားတဲ့ 💧ရေဓာတ်နဲ့ အခြားဓာတ်တွေကို ပြန်ဖြည့်ဖို့အတွက်ဆို ဓာတ်ဆားကိုမဖြစ်မနေပြန်သောက်ဖို့လိုပါတယ်။ အန်တာတွေရှိတယ်၊ ဓာတ်ဆားသောက်တာထက်ကို ဝမ်းပိုလျှောနေတယ်ဆိုရင်တော့ အချိန်မီ 🚨ဆေးရုံကိုသွားပြဖို့ အရမ်းအရေးကြီးပါတယ်။

🦠အူလမ်းကြောင်းမှာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုနေတဲ့ ဘက်တီးရီယားလေးတွေရှိပါတယ်။ သူတို့ကို

Probiotics လို့ခေါ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဒီ ဘက်တီးရီးယားပိုးတွေရဲ့ မျှချေပျက်သွားတဲ့အတွက် ပြန်လည်ဖြည့်တင်းပေးရတာဖြစ်ပါတယ်။ Probiotics သောက်တဲ့အခါ အလွန်အကျွံသောက်ဖို့ မလိုအပ်ပါဘူး။

Probiotics အမှုန့်ထုတ်အနေနဲ့ မဟုတ်ပဲ 🥛ဒိန်ချဥ်လို Probiotics ကြွယ်ဝတဲ့အစားအစာတွေကိုလည်းစားပေးနိုင်ပါတယ်။

✅ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ အရေးကြီးဆုံးက ဓာတ်ဆားသောက်ဖို့ဖြစ်ပါတယ်။ ရေဓာတ်ဆုံးရှုံးတာကို ပြန်မဖြည့်ရင် သွေးပေါင်ကျတာ၊ ကျောက်ကပ်ပျက်စီးသွားတာတွေဖြစ်နိုင်တဲ့အတွက် အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။

Similar Posts