မိုးရာသီမှာ အသားအရည်နဲ့ဆံပင်မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ?

မိုးရာသီမှာ ပူနွေးစွတ်စိုတဲ့ရာသီဥတုကြောင့် အသားအရည် တွေမပျက်စီးအောင် ဂရုစိုက်ရမဲ့နည်းလမ်းတွေကိုပြောပြပေးချင်ပါတယ်။

1️⃣ ပူနွေးစွတ်စိုမှုကြောင့် အသားအရည် မှာ အဆီ၊ ချွေး၊ အညစ်အကြေး၊ ဖုန်မှုန့်၊ မိတ်ကပ်အကြွင်းအကျန်တွေက ချွေးပေါက်ထဲပိုပိတ်မိနေတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဆေးကြောသန့်စင်ရမဲ့အပြင် တစ်ပတ်နှစ်ကြိမ်လောက် ချေးချွတ်ပေးသင့်ပါတယ်။

2️⃣ပူနွေးစွတ်စိုမှုကြောင့်ပဲ မိတ်ကပ်ခပ်ထူထူလိမ်းတဲ့အခါ အဆီပြန်လွယ်တာ၊ အဆီတွေပိုထွက်လာတာ၊ ချွေးပေါက်ပိတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Foundation ထူထူအစား BB cream ၊ CC cream လောက်လိမ်းပြီး ပေါ့ပါးတဲ့မိတ်ကပ်နဲ့နေပါ။

3️⃣ အရေပြားရဲ့ ခုခံအားကိုမြင့်တက်စေပြီး အသားအရည်ပြဿနာတွေလွယ်လွယ်မဖြစ်အောင် ဗီတာမင်စီကြွယ်ဝတဲ့အသီးအနှံတွေစားပေးသင့်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့ Skincare တွေလည်းသုံးပေးနိုင်ပါတယ်။

4️⃣ မိုးအုံ့နေပေမဲ့ UV rays တွေကအသားအရည်ကို ထိခိုက်နိုင်ပါသေးတယ်။ ဒါကြောင့် နေရောင်ကာခရင်မ်ကို အမြဲပုံမှန်လူးပေးသင့်ပါတယ်။

5️⃣ မိုးရာသီမှာ အသားအရည်က အစိုဓာတ်ရှိနေတတ်ပေမဲ့ အစိုဓာတ်ထိန်းခရင်မ်ထပ်လိမ်းစရာ လိုနေပါသေးတယ်။ ရေဓာတ်ပြည့်ပြီး အဆီပိုတွေအထွက်နည်းအောင် ပေါ့ပါးတဲ့ non – greasy moisturizer မျိုး လိမ်းပေးသင့်ပါတယ်။

ဆံကေသာအတွက်ကရော ဘယ်လိုဂရုစိုက်ရမလဲ?

1️⃣ မိုးရေက အက်ဆစ်ဓာတ်အနည်းငယ်ပါလို့ ဆံပင်ကိုမိုးရေမထိအောင် ဂရုစိုက်ပေးပါ။

2️⃣ တစ်ပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ခေါင်းသေချာလေးလျှော်ပေးပါ။

3️⃣ ဘီးစိပ်တွေထက် ဘီးခပ်ကျဲကျဲလေးနဲ့ ဆံပင်ကိုဖြီးပေးပါ။

4️⃣ ဆံပင်ကို အပူပေးပြီးပုံသွင်းတာတွေအစား ခပ်မြင့်မြင့်စီးထားတာ၊ ကျစ်ဆံမြီးကျစ်ထားတာတွေ လုပ်ပေးပါ။

5️⃣ ဆံပင်အကျွတ်သက်သာအောင် အသီးအရွက်၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ကြက်ဥတွေများများစားပြီး ရေများများသောက်ပေးပါ။

မိုးရာသီမှာလည်း အလှမပျက်ဘဲ နေနိုင်ကြပါစေ။💚

#z_waka_healthcare#z_waka

Similar Posts