| |

ရာသီတုပ်ကွေး နှင့် စပ်ဆေးအယူဝါဒ

မိုးရာသီနှင့်ဆောင်းရာသီကာလဟာ ရာသီတုပ်ကွေး ရောဂါအများအားဖြင့်ခံစားရနိုင်သောကာလများပဲဖြစ်ပါ တယ်။ အခုလိုချိန်မှာတုပ်ကွေးကြောင့်ဖျားနာကိုက်ခဲနှာစေးခြင်းအနည်းနဲ့အများခံစားရကြပါတယ်။ 

ရောဂါခံစားရပီဆိုတာနဲ့အမြန်ဆုံးသက်သာဖို့ ဈေးပေါပေါနဲ့လွယ်လွယ်ရတဲ့စပ်ဆေးများကိူ အလွယ်တကူသောက်သုံးကြတာထုံးစံလိုဖြစ်နေပါတယ်။ ဆေးရုံဆေးခန်းသွားပြဖို့အဆင်မပြေတဲ့အချိန် ပိုက်ဆံကုန်ကျမှာစိူးလို့စတဲ့အကြောင်းပြချက်တွေနဲ့စပ်ဆေးကိုမှီခိုလာကြပါတယ်။ 

ဆရာဝန်ခွင့်ပြုချက်နဲ့သာဝယ်ရတဲ့ဆေး(ဥပမာပိုးသတ်ဆေး)လိုမျိုးနဲ့ဆရာဝန်ညွန်ကြားချက်မပါပဲဈေးကွက်ထဲ ကြော်ငြာထားတဲ့ဈေးကွက်ဝင်(ဥပမာBiogesic)လိုဆေးမျိူးတွေရှိကြပါတယ်။

ဆင်တုပ်ကွေးရောဂါခံစားရသူများ က မိမိသဘောနဲ့အကိုက်အခဲပျောက်ဆေးများကိုအလွန်အကျွံသောက်သုံးခြင်းကြောင့် အချိူ့မှာ ဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးအစာအိမ်သွေးကြောပေါက်ကာအသက်ဆုံးရကြပါတယ်။ 

ပိုးသတ်ဆေးသောက်မယ်ဆိုရင်အာနိသင်ရအောင်၅ရက်မှ တပတ်ကျော်အထိ ရက်ပြည့်အောင်သောက်ရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တရက်တည်းနှင့်အမြန်ပျောက်ချင်ဇောဖြင့် ဆေးခန်းမပြတော့ပဲ တီဘီရောဂါမှာသုံးတဲ့ပိုးသတ်ဆေးများကို တခွက်နှစ်ခွက်စာ ဆေးစပ်ရောင်းချသည်ကိုသောက်သုံးကြပါတယ်။ အဲ့ဒီလို ပြုလုပ်ခြင်းကြောင့်ရေရှည်မှာရောဂါပိုးဝင်ရင်    ပုံမှန်သောက်ဆေးတွေနဲ့ မတိုးတော့ပဲဆေးယဉ်ပါးကာ ဆေးရုံတက်ကုသရတဲ့ အဆင့်ကိုရောက်ကြပါတယ်။ 

ရောဂါတစ်ခုဖြစ်လာတဲ့အခါ နာတာရှည်ဖြစ်စေ၊ ခဏတာနေမကောင်းတာမျိုး ဖြစ်စေ ဆေးဝါးတွေကိုမဆင်မခြင်မသုံးစွဲသင့်ပါဘူး။ 

ဆေးဝါးအကြောင်းတွေဗဟုသုတအနေနဲ့ခဏတာလေ့လာပြီး ခံစားရတဲ့ဝေဒနာတွေကိုမှန်းဆကာဒီရောဂါနဲ့ လက္ခဏာပုံစံတူရင်ဒီဆေးသောက်ရမယ်ဆိုပြီးဆေးညွန်းပေးဆေးစပ်ပေးတာကလည်း လူနာအပေါ်ကူညီရာ မရောက်ပဲဒုက္ခပေးသလိုဖြစ်ပါလိမ့်မယ်။ 

အဓိကကအနောက်တိုင်းဆေးဖြစ်ဖြစ်တိုင်းရင်းဆေးဖြစ်ဖြစ်ကူသမယ်ဆိုလျင်လည်းအဓိကအခြေခံအချက်မှာ ဆေးကိူအားကိုးတာထက်လူနေမှုပုံစံအစားအသောက်ကိုအဓိကပြောင်းလဲကုသခြင်း ကာကွယ်ခြင်းသာ အဓိကကျပါတယ်။မဆင်မခြင်ဖစ်သလိုနေထိုင်ပီးရောဂါခံစားရမှဆေးလေးစပ်သောက်လိုက်တာကခဏတာသက်သာရုံပဲဖြစ်ပီးရောဂါအကြောင်းရင်းကို လေ့လာဖို့စိတ်မရှိတာကြောင့် ရေရှည်ဆိုးကျိူးတွေ သာဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ရောဂါတခုဖြစ်ရင်ဘာဆေးသောက်ရမလည်းကြုံရာလူမေးတဲ့အခါသူ့တုန်းကလည်းဒါလေးသောက်ခဲ့တာဒီဆေးသောက်ကြည့်ဆိုတဲ့ ဆေးပေါင်းစုံနည်းလမ်းပေါင်းစုံတွေကို ရမ်းဆမှန်းဆလုပ်နေသရွေ့မိမိရောဂါအကြောင်းရင်းကိုကုသဖို့အလှမ်းဝေးနေဆဲသာဖြစ်နေမှာပါ။သူတပါးညွန် သောစပ်ဆေးများကိူအတိုင်းအဆပမာဏမသိသလိုရောဂါစစ်ဆေးစမ်းသပ်မူ အဖြေပေါ်မူတြည်ပီး သောက်ရမှာကိုလည်းမသိဘဲကြုံသလိုသောက်မိရင်တော့ရေရှည်မှာ မိမိဘာရောဂါဖြစ်လြို့ဖစ်မှန်း မသိပဲ ရောဂါပိုဆိုးနိုင်ပါတယ်။ အသက်ကိုဉာဏ်စောင့်ဆိုတဲ့အတိုင်းခဏတာထက် မိမိကျန်းမာရေးအတွက်အမြော်အမြင်ရှိစွာနေထိုင်ကျင့်ကြံဖို့အဓိကလိုအပ်ပါတယ် ဆိုတာကိုရေးသား လိုက်ရပါတယ်။

ဒေါက်တာနိုင်း (ဆေး-၁)

#seasonal_flu #OTC #general_health

#We_R_z_waka

Similar Posts