စိတ်အနားယူဖို့ လိုအပ်နေတဲ့ လက္ခဏာများ
လူဖြစ်လာရင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်ညူးစရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံရနိုင်ပါတယ်။
ဒီလိုမျိုးကြုံလာရတဲ့အချိန်မှာ မိမိကိုယ်ကို စိတ်တအားဖိစီးမှုထပ်မဖြစ်စေဘဲ အနားယူအပန်းဖြေဖို့လိုအပ်နေတာကို သတိပြုမိစေဖို့ စိတ်အနားယူဖို့လိုအပ်နေတဲ့ လက္ခဏာတွေကိုဖော်ပြလိုက်ပါတယ်။
စိတ်အနားယူဖို့လိုအပ်နေတဲ့လက္ခဏာများ
စိတ်မရှည်ခြင်း – ကိုယ့်မိသားစု၊ မိတ်ဆွေတွေအပေါ် အရင်ကလိုမဟုတ်ဘဲ တစ်ခုခုဆိုတာနဲ့ စိတ်တိုစိတ်ဆတ်လာတယ်ဆိုရင် စိတ်အရမ်းပင်ပန်းနေတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
ညအိပ်မပျော်ခြင်း – စိတ်ညစ်စရာတွေအတွေးလွန်ပြီး ညအိပ်ပျော်ဖို့ အချိန်အကြာကြီးယူရတာ (သို့မဟုတ်) အိပ်နေရင်း ခဏခဏပြန်ပြန်နိုးနေတာဖြစ်နိုင်ပါတယ်။
![](https://health.z-waka.com/wp-content/uploads/2024/10/461480562_953280650178348_5057222596095205577_n-1024x1024.jpg)
![](https://health.z-waka.com/wp-content/uploads/2024/10/461573835_953280606845019_9168231062390330214_n-1024x1024.jpg)
![](https://health.z-waka.com/wp-content/uploads/2024/10/461712430_953280563511690_7392935398756284823_n-1024x1024.jpg)
![](https://health.z-waka.com/wp-content/uploads/2024/10/461699404_953280530178360_577626542885584305_n-1024x1024.jpg)
![](https://health.z-waka.com/wp-content/uploads/2024/10/461423447_953280440178369_7376052062737481495_n-1024x1024.jpg)
ဒေါသဖြစ်လွယ်ခြင်း – ကိစ္စသေးသေးလေးတွေအပေါ်မှာတောင် စိတ်တိုဒေါသထွက်လွယ်တာမျိုးဖြစ်နိုင်ပါတယ်။
စိုးရိမ်လွန်ခြင်း – ရုတ်တရက် စိုးရိမ်လွန်ပြီး ချွေးသီးချွေးပေါက်တွေကျလာတာမျိုး၊ ငိုချလိုက်တာမျိုးစတဲ့ စိုးရိမ်လွန်တတ်တဲ့လက္ခဏာကလည်း စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။
စိတ်မဝင်စားခြင်း – ကိုယ်အရင်စိတ်ဝင်တစားရှိတဲ့အရာတွေ၊ ဝါသနာတွေကိုတောင် စိတ်မပါတော့တာမျိုးဖြစ်လာတတ်ပါတယ်။
တကယ်လို့အပေါ်ကလက္ခဏာတွေခံစားနေရပြီဆိုရင် လုပ်နေတဲ့အရာကို ခဏလေးထား၊ စိတ်ကိုထွက်ပေါက်ပေးပြီး အနားယူဖို့လိုအပ်နေပါပြီ။