လည်ပင်းအရှေ့ပိုင်းနဲ့ ဂုတ်ပိုးတွေခဏခဏနာနေလား?
ကိုယ်ခံစားရတဲ့နာကျင်မှုပုံစံကိုကြည့်ပြီး ဘာဖြစ်နေလဲ၊ ဘာကြောင့်နာလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်!
ကြွက်သားနာကျင်ခြင်းအကြာကြီးခေါင်းငုံ့ထားရတာလို အပြင်ပိုင်းဖိအားများတဲ့လှုပ်ရှားမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ Stress တွေကြောင့်ဖြစ်တတ်ပါတယ်။
Muscle Spasm အာရုံကြော(သို့) spinal disc ကိုထိခိုက်မိပြီး ရုတ်တရက်ကြွက်သားတွေတင်းပြီးနာကျင်တာမျိုးဖြစ်ပါတယ်။ များသောအားဖြင့် မနက်အိပ်ရာနိုးချိန် လည်ပင်းနားမှာတင်းပြီးနာကျင်နေတာမျိုးကို ခံစားရနိုင်ပါတယ်။
ခေါင်းကိုက်ခြင်းလည်ပင်းအပေါ်ပိုင်းနဲ့ဂုတ်ပိုးတွေမှာ စူးပြီးကိုက်ခဲခြင်းဖြစ်ပါတယ်။ လည်ပင်းကိုလှုပ်ရှားလေလေ ၊ပိုနာလေလေပါပဲ။
အဆစ်နာခြင်းလည်ပင်းနားက အဆစ်နာကျင်ရောင်ရမ်းခြင်းဖြစ်ပြီး ဖြစ်နေတဲ့ဘက်ကိုခေါင်းစောင်းမိရင် ပိုနာသွားနိုင်ပါတယ်။ မနက်ပိုင်းနဲ့ လှုပ်ရှားမှုမရှိတဲ့အချိန်တွေမှာ ပိုနာတတ်ပါတယ်။
အာရုံကြောရောင်ခြင်းအာရုံကြောရောင်ရမ်းပါက လည်ပင်းသာမက ဆက်စပ်နေတဲ့လက်မောင်း၊ လက်ဖျံတွေအထိ ပြင်းပြင်းထန်ထန်နာကျင်မှုကို ခံစားရနိုင်ပါတယ်။
အရိုးနာကျင်ခြင်းအဖြစ်နည်းပေမယ့် ပြင်းထန်တဲ့ရောဂါဖြစ်တာကြောင့် လည်ပင်းရိုးနားတဝိုက်နာကျင်နေပြီဆို လိုအပ်တဲ့ကုသမှုကိုအမြန်ဆုံးခံယူသင့်ပါတယ်။