ထိပ်ပြောင်ခြင်းက မျိုးရိုးလိုက်တတ်လား..
မေးခွန်းလေးရဲ့ အဖြေကတော့ Yes ပါ။ အသက်ရလာတာနဲ့အမျှ ဆံပင်ဘယ်လောက်ကျွတ်သွားမလဲ ဘယ်လိုကျွတ်မလဲဆိုတာက မျိုးရိုးဗီဇနဲ့ဆိုင်ပါတယ်။ မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်ခြင်းကို တားဆီးလို့မရပါဘူး။ ဒါပေမဲ့ အကျွတ်နည်းအောင်၊ ဆံပင်ရှိနေတုန်း ဘယ်လိုထိန်းသိမ်းလို့ရမလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။ ဆံပင်ကျွတ်စေတဲ့ မျိုးရိုးဗီဇ ဆံပင်ကျွတ်ခြင်းမှာလည်း အမျိုးသားများကဲ့သို့ ထိပ်ပြောင်ခြင်းနှင့် အမျိုးသမီးများကဲ့သို့ ထိပ်ပြောင်ခြင်းဆိုပြီး ၂ မျိုးရှိပါသေးတယ်။ အမျိုးသားတွေမှာထိပ်ပြောင်ခြင်းပုံစံဖြစ်တဲ့ M ပုံစံ ဆံပင်စည်းကြောင်းက အနောက်ကိုရွေ့သွားတာမျိုးပါ။ ဆံပင်ရှေ့တွေပြောင်တာထက် ဘေးဘက်တွေမှာ ဆံပင်နည်းလာတာကို Male Pattern Baldness လို့ခေါ်ပြီး အသက် ၂၀ လောက်ကနေစပြီး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာတော့ သွေးဆုံးကိုင်အရွယ်ကနေစပြီး ဆံပင်ခွဲကြောင်းမှ တဖြည်းဖြည်း ဆံပင်ကျွတ်ပြီး ပြောင်လာတာမျိုးကို Female Pattern Baldness လို့ခေါ်ပါတယ်။ ဆံပင်ကျွတ်ခြင်း ထိပ်ပြောင်ခြင်းကို ဖြစ်စေတဲ့ တခြား…