ဓမ္မတာမလာခြင်း နဲ့ ဓမ္မတာမူမမှန်ခြင်းများ
|

ဓမ္မတာမလာခြင်း နဲ့ ဓမ္မတာမူမမှန်ခြင်းများ

အမျိုးသမီးတွေရဲ့ဘဝမှာ ဓမ္မတာမမှန်တာ ဓမ္မတာမလာတာ တွေက စိတ်ရှုပ်ထွေးမှုကိုပါ သက်ရောက်စေတဲ့ ပြသနာတစ်ခုဘဲဖြစ်ပါတယ်။တစ်ယောက်နဲ့တယောက် မတူညီတဲ့နောက်ခံအကြောင်းရင်းတွေကြောင့် ဓမ္မတာမလာခြင်း လာခြင်းပုံစံအမျိုးမျိုးဖြစ်တတ်ပါတယ်။ အပျိုဖော်ဝင်စမိန်းကလေးတွေအနေနဲ့ပိန်လွန်းတာ၊ ဝလွန်းတာတွေကြောင့် တခြားမိန်းကလေးငယ်တွေဓမ္မတာလာချိန်မှာ မလာသေးတာတွေရှိတတ်သလို ငယ်ရွယ်စဉ်မှာ တွေအနေနဲ့လည်း ဓမ္မတာလာတာနောက်ကျလေ့ရှိကြပါတယ်။  အပျိုဖော်ဝင်ချိန်ဓမ္မတာမလာတာ အချိန်တော်တော်လေးကြာလာတဲ့မိန်းကလေးငယ်တွေအနေနဲ့ မွေးရာပါမျိုးပွားအင်္ဂါချွတ်ယွင်းတာမျိုး၊ သိုက်ရွိုက်ဟော်မုန်းမူမမှန်‌ရောဂါနဲ့ဦးနှောက်ထဲအကျိပ်ရောဂါရှိနေတာမျိုး၊ လိင်နဲ့ပတ်သက်တဲ့ ခရိုမိုဇုန်းရောဂါဖြစ်နေတာမျိုးရှိမရှိဆန်းစစ်သင့်ပါတယ်။  ဒါကတော့ဓမ္မတာစလာချိန်နောက်ကျနေတတ်တဲ့မိန်းကလေးငယ်တွေအတွက်ဆိုလိုတာပါ။ နောက်ထပ်တွေ့ရတဲ့ပုံစံကတော့ဓမ္မတာလာပုံမူမမှန်တာပဲဖြစ်ပါတယ်။ ရာသီလာချိန်သွေးဆင်းမှုနည်းတာ၊ များတာ၊ စောဝာာ၊ နောက်ကျတာအားလုံးဟာမူမမှန်တာပဲဖြစ်ပပါတယ်။ ပုံမှန်အားဖြင့်အမျိုးသမီးတစ်ဦးဟာ(၂၁)ရက်ကနေ(၂၈)ရက်အတွင်းဓမ္မတာလာတတ်သလိုတကြိမ်လာရင်ပျှမ်းမျှ(၅)ရက်ခန့်ရှိပါတယ်။ နောက်ပြီး ရာသီထိန်ခြင်း၊ သွေးများစွာဆင်းခြင်း၊ နည်းပါးခြင်း၊ တစ်စက်နှစ်စက်ဆင်းခြင်း တွေကလည်း မူမမှန်တဲ့ရာသီစက်ဝန်းရဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။ နောက်ထပ်ဓမ္မတာမလာတော့တဲ့ပြသနာတစ်ခုကတော့ကိုယ်ဝန်ပါ။ အပျိုဖြစ်ပြီးတဲ့အမျိုးသမီးတွေအနေနဲ့ကိုယ်ဝန်နဲ့ပတ်သက်လို့ သတိထားသင့်ပါတယ်။ ကိုယ်ဝန်ရှိတယ်လို့မိမိကိုယ်ကို ထင်မြင်ရင်တော့ ဆီးစစ်ကြည့် သင့်ပါတယ်။ သားဆက်ခြားဆေးတွေ၊ ထိုးဆေးတွေကလည်း(၃)လ၊ (၆)လထိဓမ္မတာမမှန်တာတွေဖြစ်တတ်ပါတယ်။ကာဘိုဟိုက်ဒရိတ်များတဲ့Fastfoodလိုမျိုးတွေစားသုံးမှုများတာ၊ အရက်အလွန်ကျွံသောက်မိတာတွေကလည်းဓမ္မတာစက်ဝိုင်းကိုပြောင်းလဲစေပါတယ်။ ဒါကြောင့်ရှေးလူကြီးတွေရဲ့စာပေတွေထဲမှာဓမ္မတာအတွက်စားသုံးသင့်တဲ့၊ မစားသုံးသင့်တဲ့ အစားအစာတွေကိုရေးသားခဲ့ကြတာဖြစ်ပါတယ်။ လူနေမှုဘဝပုံစံတွေအရ စိတ်ဖိဆီးမှုတွေများတာ၊ စိတ်ဓာတ်ကျတာ၊…