မိုးရာသီမှာ အသားအရည်နဲ့ဆံပင်မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ?
မိုးရာသီမှာ ပူနွေးစွတ်စိုတဲ့ရာသီဥတုကြောင့် အသားအရည် တွေမပျက်စီးအောင် ဂရုစိုက်ရမဲ့နည်းလမ်းတွေကိုပြောပြပေးချင်ပါတယ်။ ပူနွေးစွတ်စိုမှုကြောင့် အသားအရည် မှာ အဆီ၊ ချွေး၊ အညစ်အကြေး၊ ဖုန်မှုန့်၊ မိတ်ကပ်အကြွင်းအကျန်တွေက ချွေးပေါက်ထဲပိုပိတ်မိနေတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဆေးကြောသန့်စင်ရမဲ့အပြင် တစ်ပတ်နှစ်ကြိမ်လောက် ချေးချွတ်ပေးသင့်ပါတယ်။ ပူနွေးစွတ်စိုမှုကြောင့်ပဲ မိတ်ကပ်ခပ်ထူထူလိမ်းတဲ့အခါ အဆီပြန်လွယ်တာ၊ အဆီတွေပိုထွက်လာတာ၊ ချွေးပေါက်ပိတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Foundation ထူထူအစား BB cream ၊ CC cream လောက်လိမ်းပြီး ပေါ့ပါးတဲ့မိတ်ကပ်နဲ့နေပါ။ အရေပြားရဲ့ ခုခံအားကိုမြင့်တက်စေပြီး အသားအရည်ပြဿနာတွေလွယ်လွယ်မဖြစ်အောင် ဗီတာမင်စီကြွယ်ဝတဲ့အသီးအနှံတွေစားပေးသင့်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့ Skincare တွေလည်းသုံးပေးနိုင်ပါတယ်။ မိုးအုံ့နေပေမဲ့ UV rays တွေကအသားအရည်ကို ထိခိုက်နိုင်ပါသေးတယ်။ ဒါကြောင့် နေရောင်ကာခရင်မ်ကို အမြဲပုံမှန်လူးပေးသင့်ပါတယ်။ မိုးရာသီမှာ အသားအရည်က အစိုဓာတ်ရှိနေတတ်ပေမဲ့ အစိုဓာတ်ထိန်းခရင်မ်ထပ်လိမ်းစရာ လိုနေပါသေးတယ်။…