အမျိုးသမီးများနဲ့ သွေးဆုံးကိုင်ခြင်း
| | |

အမျိုးသမီးများနဲ့ သွေးဆုံးကိုင်ခြင်း

အမျိုးသမီးတွေရဲ့ဘဝမှာ မဖြစ်မနေကြုံတွေ့ရမဲ့အရာတစ်ခုက သွေးဆုံးခြင်းပဲဖြစ်ပါတယ်။ သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတွေအသက်ရလာတဲ့အခါမှာ သားဥအိမ်ကနေ ဟော်မုန်းထုတ်လုပ်မှုတွေ လျော့နည်းသွားပြီး မျိုးပွားနိုင်စွမ်း ကုန်ဆုံးသွားတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။  ပုံမှန်အားဖြင့် အသက် ၄၅ နှစ်ကနေ ၅၅ နှစ်ကြားမှာ သွေးဆုံးတတ်ကြပါတယ်။  နောက်ဆုံးရာသီလာပြီးနောက် ၁၂ လအထိ ရာသီမလာတော့မှ သွေးဆုံးတယ်လို့ သတ်မှတ်ပါတယ်။သွေးဆုံးချိန်မှာ အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေ ခံစားရလေ့ရှိပြီး ဒီလက္ခဏာတွေကိုစုပေါင်းကာ သွေးဆုံးကိုင်ခြင်း လို့ခေါ်ကြပါတယ်။  သွေးဆုံးကိုင်ချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာတွေက ဘာတွေလဲ။ သွေးဆုံးကိုင်ချိန်မှာ ဖြစ်တတ်တဲ့ ဝေဒနာတွေကို ဘယ်လိုကာကွယ်နိုင်မလဲ။ သွေးဆုံးကိုင်ချိန်ကို ဘယ်လိုနေထိုင်ဖြတ်သန်းရမလဲ။ သွေးဆုံးချိန်မှာ အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်ကို ဂရုစိုက်ပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ အောက်ပါအချက်တွေကို ဂရုစိုက်ပြီး နေထိုင်နိုင်ပါတယ်။ သွေးဆုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကြောင့် အခက်အခဲတွေ…

ဟော်မုန်းမညီမျှမှုကြောင့် ကိုယ်အလေးချိန်တက်ခြင်း
| |

ဟော်မုန်းမညီမျှမှုကြောင့် ကိုယ်အလေးချိန်တက်ခြင်း

ကိုယ်အလေးချိန်တက်ခြင်းက လိုတာထက်ပိုစားမိလို့၊ ကိုယ်လက်လှုပ်ရှားမှုနည်းလို့ အစရှိသဖြင့် အကြောင်းရင်းများစွာရှိပေမဲ့ လူအများသိပ်သတိမထားမိတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ ဒါကတော့ ဟော်မုန်းမညီမျှမှုပဲ ဖြစ်ပါတယ်။  ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအမျိုးအစားများစွာရှိပြီး  အချို့ဟော်မုန်းတွေ မမျှတတဲ့အခါ  ကိုယ်အလေးချိန်တက်ခြင်းအပေါ် သက်ရောက်မှုရှိပါတယ်။  ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဆက်နွယ်နေတဲ့ ဟော်မုန်းမညီမျှမှုများ  Insulin resistance လို့ခေါ်တဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က ကောင်းစွာမတုံ့ပြန်နိုင်တဲ့အခါ သွေးထဲမှာ သကြားဓာတ်တွေ များလာပြီး အဆီအဖြစ်ပြောင်းလဲသွားတဲ့အတွက် ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေမှာ အင်ဆူလင်နဲ့ ပတ်သက်တဲ့ ပြဿနာကြောင့် ကိုယ်အလေးချိန်တက်တာကို တွေ့ရတတ်ပါတယ်။ စိတ်ဖိစီးမှုကို တုံ့ပြန်ဖို့အတွက် ခန္ဓာကိုယ်က ထုတ်ပေးလေ့ရှိတဲ့ ကော်တီစောဟော်မုန်းက အချိန်ကြာမြင့်စွာ မြင့်နေတဲ့အခါ အစာစားချင်စိတ်ကို များစေပြီး အဆီနဲ့သကြားများတဲ့ အစားအစာတွေကို ပိုစားချင်လာစေနိုင်ပါတယ်။ ဒါ့အပြင် ကော်တီစောဟာ ဗိုက်အဆီတွေကိုလည်း စုပုံစေပြီး ကိုယ်အလေးချိန်တက်စေပါတယ်။ စိတ်ဖိစီးမှုများတဲ့သူတွေမှာ…

| | | |

အမျိုးသားများနဲ့ ဆီးကျိတ်ကင်ဆာ

အမျိုးသားတွေမှာပဲ ဖြစ်ပွားပြီး သိပ်ကိုအဖြစ်များလေ့ရှိတဲ့ကင်ဆာရောဂါတစ်ခု ရှိပါတယ်။ အဲဒါက‌တော့ ဆီးကျိတ်ကင်ဆာပဲ ဖြစ်ပါတယ်။  ဆီးကျိတ်ဆိုတာ အမျိုးသားတွေရဲ့ ဆီးအိမ်အောက်မှာရှိတဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသားတွေမှာ အဖြစ်များပြီး အစောပိုင်းအဆင့်မှာ သိသာတဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။ ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းများ ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကို မသိရသေးပေမယ့် အောက်ဖော်ပြပါ အချက်တွေကတော့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို များစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ် ။ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာများ ဆီးကျိတ်ကင်ဆာဟာ အစောပိုင်းအဆင့်မှာ လက္ခဏာမပြတတ်ပါဘူး။ ကင်ဆာဆဲလ်တွေ ကြီးထွားလာတဲ့အခါမှသာ အောက်ပါလက္ခဏာတွေကို ခံစားရနိုင်ပါတယ် ။ ဒီလက္ခဏာတွေဟာ ဆီးကျိတ်ကင်ဆာတစ်ခုတည်းမှာ ဖြစ်တာမဟုတ်ဘဲ တခြားရောဂါတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခုလိုလက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ဆီးကျိတ်ကင်ဆာကို ဘယ်လိုကုသနိုင်လဲ ဆီးကျိတ်ကင်ဆာကို…