🩸သွေးဆုံးတယ်ဆိုတာ ဘာလဲ?
|

🩸သွေးဆုံးတယ်ဆိုတာ ဘာလဲ?

မီးယပ် သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတယောက် ဓမ္မတာရာသီသွေးမပေါ်တော့တဲ့ဖြစ်စဉ်ကို ခေါ်တာဖြစ်ပါတယ်။ မီးယပ်သွေးဆုံးသွားပြီဆို ပဋိသန္ဓေ ကလေးမရနိုင်တော့ပါဘူး။ အမျိုးသမီးတစ်ဦးဟာ ၁၂ လ ကြာသည်အထိ ဓမ္မတာသွေးမပေါ်ခဲ့ဘူးဆိုလျှင် သွေးဆုံးပြီဟုဆိုနိုင်ပါတယ်။ ပုံမှန်အားဖြင့်အမျိုးသမီးတွေဟာ အသက် (၄၀)၊ (၅၀)ဝန်းကျင် အရွယ်တွေမှာ သွေးဆုံးကြပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ပျမ်းမျှအသက် (၅၁) အရွယ်လောက်မှာ မီးယပ်သွေးဆုံးသွားကြပါတယ်။ 💁 သွေးဆုံးတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးတွေဟာ သွေးဆုံးချိန်ရောက်ပြီဆို ခန္ဓာကိုယ်မှာပူလောင်နေခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေ၊ အိမ်မပျော်ခြင်း၊ အားနည်းခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေ ကြုံတွေ့ကြရပါတယ်။ သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကို ဟော်မုန်းဆိုင်ရာကုသမှုတွေ၊နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲမှုတွေနဲ့ ထိရောက်စွာ ကုသနိုင်ပါတယ်။ သွေးဆုံးချိန်မှာ ခံစားရတဲ့ရောဂါလက္ခဏာကဘာတွေလဲ? သွေးဆုံးချိန်နှင့် သွေးဆုံးပြီးကာလအတွင်း အမျိုးသမီးတွေမှာ အောက်ပါရောဂါလက္ခဏာတွေကိုတွေ့ရတတ်ပါတယ်။ အမျိုးသမီးများသွေးဆုံးချိန် ခံစားရတဲ့ရောဂါလက္ခဏာတွေအတွေ့အကြုံတွေဟာ တစ်ဦးနှင့်တစ်ဦး မတူညီကြပါဘူး။ Perimenopause…