အမျိုးသားတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေအပြင် နေ့စဉ်လူနေမှုပုံစံနဲ့လည်း ဆက်စပ်နေလေ့ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုကျဆင်းလာပြီး လူမှုရေးဆိုင်ရာအားနည်းချက်တွေ ဖြစ်ပေါ်စေပါတယ်။ အမျိုးသားတို့ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အကြောင်းအရင်းများ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ စိတ်ဖိစီးမှု : အလုပ်ဖိစီးမှု၊ ငွေကြေးဖိစီးမှု၊ မိသားစုပြဿနာ စတဲ့ စိတ်ဖိစီးမှုတွေဟာ လိင်စိတ်ကို လျော့နည်းစေပြီး စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။ စိုးရိမ်ပူပန်မှု : လိင်ဆက်ဆံတဲ့အခါ စွမ်းဆောင်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေက စိတ်ကို မငြိမ်မသက်ဖြစ်စေပြီး လိင်တံထောင်မတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ကျရောဂါ: စိတ်ကျရောဂါ ခံစားနေရသူတွေမှာ စိတ်ဝင်စားမှု လျော့နည်းတာ၊ ပျော်ရွှင်မှု မရှိတာတွေကြောင့် လိင်စိတ်ပါ လျော့နည်းတတ်ပါတယ်။ စိတ်ဒဏ်ရာ : အရင်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာမျိုး ဒါမှမဟုတ် မကောင်းတဲ့ အတွေ့အကြုံတွေ ရှိခဲ့ရင် လိင်ဆက်ဆံရမှာ ကြောက်ရွံ့တာ၊ စိတ်အလိုမကျတာတွေ ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ: အသက်အရွယ် : အသက်ကြီးလာတာနဲ့အမျှ အမျိုးသားဟော်မုန်း (Testosterone) ထုတ်လုပ်မှု လျော့နည်းလာပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ နာတာရှည်ရောဂါများ : ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ နာတာရှည်ရောဂါတွေဟာ သွေးကြောတွေကို ပျက်စီးစေပြီး လိင်တံဆီကို သွေးစီးဆင်းမှုကို အားနည်းစေနိုင်ပါတယ်။ ဟော်မုန်းမညီမျှခြင်း : အမျိုးသားဟော်မုန်း (Testosterone) နည်းပါးတာ၊ သိုင်းရွိုက်ဟော်မုန်း မညီမျှတာ စတာတွေက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ ဆေးဝါးများ : စိတ်ကျဆေး၊ သွေးတိုးကျဆေး၊ အကိုက်အခဲပျောက်ဆေး အချို့နဲ့ တခြားဆေးဝါးတွေကလည်း လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ အဝလွန်ခြင်း : ကိုယ်အလေးချိန်များတာက ဟော်မုန်းတွေကို ပြောင်းလဲစေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ အရက်နဲ့ မူးယစ်ဆေးဝါးများ : အရက်နဲ့ မူးယစ်ဆေးဝါးတွေဟာ ဦးနှောက်နဲ့ အာရုံကြောတွေကို ထိခိုက်စေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လျော့နည်းစေပါတယ်။ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ : ဆီးကျိတ်ရောင်တာ၊ ဆီးကျိတ်ကြီးတာ စတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတွေကလည်း လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ အာရုံကြောဆိုင်ရာ ပြဿနာများ : အာရုံကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ အခြားအာရုံကြောဆိုင်ရာ ရောဂါတွေဟာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ လူနေမှုပုံစံ လေ့ကျင့်ခန်း မလုပ်ခြင်း : လေ့ကျင့်ခန်း မလုပ်တာက ကိုယ်အလေးချိန်တက်စေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ အိပ်ရေးမဝခြင်း : အိပ်ရေးမဝတာက ဟော်မုန်းကို မညီမျှစေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လျော့နည်းစေပါတယ်။ ဆေးလိပ်သောက်ခြင်း : ဆေးလိပ်သောက်တာက သွေးကြောတွေကို ကျဉ်းစေပြီး လိင်တံဆီကို သွေးစီးဆင်းမှုကို အားနည်းစေနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကောင်းမွန်အောင် ဘာတွေ လုပ်ရမလဲ တစ်ပတ်မှာ အနည်းဆုံး ၅ ရက်၊ တစ်ရက်ကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပေးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသားငါးတွေကို များများစားပြီး အဆီများတဲ့ အစားအစာတွေကို လျှော့စားပါ။ နေ့တိုင်း အိပ်ချိန် ၇ နာရီကနေ ၈ နာရီအထိ အိပ်စက်အနားယူပါ။ ဆေးလိပ်နဲ့ အရက်ကို လျှော့ပါ သို့မဟုတ် ဖြတ်ပါ စိတ်ဖိစီးမှုကို လျှော့ချဖို့အတွက် ယောဂကျင့်တာ၊ တရားထိုင်တာ၊ စိတ်အပန်းဖြေတာတွေကို လုပ်ပေးပါ။ စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသဖို့အတွက် စိတ်ပညာရှင် ဒါမှမဟုတ် ဆရာဝန်များနဲ့ တိုင်ပင်ပါ။ နာတာရှည်ရောဂါတွေ ရှိမရှိ စစ်ဆေးဖို့ ဆရာဝန်နဲ့ ပြသပါ။ အမျိုးသားဟော်မုန်း (Testosterone) နည်းနေရင် ဟော်မုန်းကုထုံးကို ခံယူနိုင်ပါတယ်။ သောက်နေတဲ့ဆေးတွေကြောင့် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်းသောက်ဖို့ ဒါမှမဟုတ် ဆေးပမာဏကို ပြောင်းလဲဖို့ လုပ်ဆောင်ပါ။ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ပတ်သက်ပြီး ချစ်သူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းနေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြောင်းအရင်းကို ရှာဖွေကုသသင့်ပါတယ်။ ကျန်းမာတဲ့ လူနေမှုပုံစံကို မွေးမြူပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းတာက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်
| | |

အမျိုးသားတို့ရဲ့စွမ်းဆောင်ရည်ကို ဘာတွေက ကျဆင်းစေလဲ

အမျိုးသားတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေအပြင် နေ့စဉ်လူနေမှုပုံစံနဲ့လည်း ဆက်စပ်နေလေ့ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုကျဆင်းလာပြီး လူမှုရေးဆိုင်ရာအားနည်းချက်တွေ ဖြစ်ပေါ်စေပါတယ်။  အမျိုးသားတို့ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အကြောင်းအရင်းများ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ: လူနေမှုပုံစံ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကောင်းမွန်အောင် ဘာတွေ လုပ်ရမလဲ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းနေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြောင်းအရင်းကို ရှာဖွေကုသသင့်ပါတယ်။ ကျန်းမာတဲ့ လူနေမှုပုံစံကို မွေးမြူပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းတာက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။

| | | |

အမျိုးသားများနဲ့ ဆီးကျိတ်ကင်ဆာ

အမျိုးသားတွေမှာပဲ ဖြစ်ပွားပြီး သိပ်ကိုအဖြစ်များလေ့ရှိတဲ့ကင်ဆာရောဂါတစ်ခု ရှိပါတယ်။ အဲဒါက‌တော့ ဆီးကျိတ်ကင်ဆာပဲ ဖြစ်ပါတယ်။  ဆီးကျိတ်ဆိုတာ အမျိုးသားတွေရဲ့ ဆီးအိမ်အောက်မှာရှိတဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသားတွေမှာ အဖြစ်များပြီး အစောပိုင်းအဆင့်မှာ သိသာတဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။ ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းများ ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကို မသိရသေးပေမယ့် အောက်ဖော်ပြပါ အချက်တွေကတော့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို များစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ် ။ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာများ ဆီးကျိတ်ကင်ဆာဟာ အစောပိုင်းအဆင့်မှာ လက္ခဏာမပြတတ်ပါဘူး။ ကင်ဆာဆဲလ်တွေ ကြီးထွားလာတဲ့အခါမှသာ အောက်ပါလက္ခဏာတွေကို ခံစားရနိုင်ပါတယ် ။ ဒီလက္ခဏာတွေဟာ ဆီးကျိတ်ကင်ဆာတစ်ခုတည်းမှာ ဖြစ်တာမဟုတ်ဘဲ တခြားရောဂါတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခုလိုလက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ဆီးကျိတ်ကင်ဆာကို ဘယ်လိုကုသနိုင်လဲ ဆီးကျိတ်ကင်ဆာကို…

အမျိုးသား တွေကောသွေးဆုံးနိုင်လား? 
|

အမျိုးသား တွေကောသွေးဆုံးနိုင်လား? 

သဘာဝအရ အသက်၅၀ကျော် လာရင် အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာကို မလွဲမသွေကြုံတွေ့ရတဲ့အရာတစ်ခုပါ ။ ဒီနေရာမှာ မေးစရာတစ်ခုရှိတာက အမျိုးသား တွေမှာကော သွေးဆုံးမှုဖြစ်တတ်လားဆိုတာပါ။  တစ်ကယ်တော့ အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာဖြစ်တတ်ပါတယ်! အမျိုးသား တွေအတွက်သွေးဆုံးတယ်ဆိုတာ testosterone hormone လျော့နည်းလာတာကို ပြောတာပါ။ တစ်နည်းအားဖြင့် ဆိုရင်တော့ လိင်စိတ်ဆန္ဒလျော့နည်းသွားတာပါ။Testosterone hormone က အမျိုးသားတွေအတွက် လိင်စိတ်တင်မက လူပျိုဖော်ဝင်ချိန် စိတ်အပြောင်းအလဲတွေ ၊စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ၊ ကြွက်သားဖွံ့ဖြိုးမှုတွေကို လုပ်ဆောင်ပေးတာပါ ။  Testosteroneဟော်မုန်းလျော့နည်းလာတာဖြစ်တဲ့ အတွက်ဒီလိုလက္ခဏာတွေခံစားရပါတယ်!  ဒီလက္ခဏာတွေကလူကိုထိခိုက်လောက်တဲ့အထိခံစားရတယ်ဆိုရင်တော့ ဆရာဝန်ပြသပါလို့အကြံပေးပါရစေ။  ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်ခြင်း ၊ တရားထိုင်ခြင်း ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း ၊ အိပ်ရေးဝဝအိပ်ခြင်းပြုလုပ်ပေးခြင်းက အချို့သော လက္ခဏာတွေကို သက်သာစေတယ်လို့ လေ့လာတွေ့ရှိချက်တွေအရဆိုပါတယ်။ ဒါ့ကြောင့်ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ပြီး လိုအပ်ရင်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူနိုင်ပါတယ်။…