အသည်းရောင်အသားဝါ ဘီပိုးအကြောင်း
| |

အသည်းရောင်အသားဝါ ဘီပိုးအကြောင်း

အသည်းရောင်အသားဝါ ဘီပိုးဆိုတာ Hepatitis B Virus (HBV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ဒီဗိုင်းရပ်စ်ပိုးဟာ အသည်းကို ပျက်စီးစေပြီး ရောင်ရမ်းစေပါတယ်။ နာတာရှည်ရောဂါအဖြစ်သို့ ပြောင်းလဲသွားတဲ့အခါ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုး ဘယ်လိုကူးစက်ခံရနိုင်လဲ။  ရောဂါပိုးရှိတဲ့ မိခင်ကနေ ကလေးမွေးဖွားစဉ်မှာ ကလေးကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိမှာ ရောဂါပိုးရှိမရှိကို စစ်ဆေးသင့်ပါတယ်။ ရောဂါပိုးရှိတဲ့ သွေးနဲ့ တိုက်ရိုက်ထိတွေ့မိတာ၊ ရောဂါပိုးရှိတဲ့သူ သုံးပြီးသား ဆေးထိုးအပ်တွေ၊ ဆေးထိုးပြွန်တွေကို မျှဝေသုံးစွဲတာတွေကနေလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူရဲ့ သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ် စတာတွေကို မျှဝေသုံးစွဲတာကနေလည်း ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးရဲ့ လက္ခဏာများ…