လည်ပင်းကြီးရောဂါ
လည်ပင်းရှိ သိုင်းရွိုက်ဂလင်း (Thyroid Gland) ကြီးလာခြင်းကို လည်ပင်းကြီးရောဂါ(Goiter) လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အတွေ့များရတဲ့ လည်ပင်ကြီးရောဂါ ဘာကြောင့်ဖြစ်လဲ၊ ဘယ်လိုကာကွယ်ကုသရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းရဲ့အရှေ့ပိုင်းမှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းလေးတစ်ခုပါ။ ဒီဂလင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးပါတယ်။ သိုင်းရွိုက်ဂလင်း ကြီးလာတဲ့အခါ လည်ပင်းမှာ အဖုအကျိတ်လိုမျိုး ပေါ်လာပြီး အဲဒါကို လည်ပင်းကြီးရောဂါလို့ ခေါ်ပါတယ်။ လည်ပင်းကြီးရောဂါ အမျိုးအစား( ၂ )မျိုး သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးလာတာဖြစ်ပြီး ကင်ဆာအဆင့်ထိတော့ မရောက်နိုင်ပါဘူး။ အိုင်အိုဒင်းဓာတ် ချို့တဲ့လို့ ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း ပမာဏ ပုံမှန်ဖြစ်နိုင်သလို များတာ (hyperthyroidism)၊ နည်းတာ (hypothyroidism) လည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းထဲမှာ…