ကလမိုင်းဒီယား လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်စေတဲ့ရောဂါ
ကလမိုင်းဒီးယား (Chlamydia trachomatis) ဟာ အတွေ့များတဲ့ လိင်မှတဆင့် ကူးစက်စေတတ်သော ရောဂါတမျိုးပဲဖြစ်ပါတယ်။ တချို့တွေက ရောဂါကူးစက်နေမှန်း တောင်မသိကြပါဘူး။ ဘာလို့လဲဆိုတော့ ကလမိုင်းဒီယားရောဂါကူးစက်ခံထားရပေမယ့် သူတို့မှာ လိင်အင်္ဂါနာကျဉ်ခြင်း၊ လိင်အင်္ဂါထိပ်မှ ပုံမှန်မဟုတ်သော အရည်များဆင်းခြင်းစတဲ့ ရောဂါလက္ခဏာတွေမခံးစားကြရလို့ပဲဖြစ်ပါတယ်။ ကလမိုင်းဒီယား ရောဂါဟာ အသက်ငယ်ရွယ်တဲ့အမျိုးသမီးတွေမျာ အဖြစ်များကြပါတယ်။ ကျား၊မမရွေး၊အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကလမိုင်းဒီယား ဖြစ်လာပြီဆို ဆေးကုသရတာမခက်ပါဘူး။ ဒါပေမယ့် ဆေးကုသမှုမခံယူခဲ့ရင် ကလမိုင်းဒီယားရောဂါဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေပါတယ်။ ဘယ်လိုလူတွေမှာ ရောဂါကူးစက်နိုင်ချေပိုများသလဲ? ရောဂါလက္ခဏာများ ကလမိုင်းဒီယား ရောဂါဖြစ်ကာစမှာ ရောဂါလက္ခဏာအနည်းငယ်ပဲပြတတ်ပါတယ်။ တချို့ဆို ရောဂါလက္ခဏာတောင်မပြကြပါဘူး။ သူရဲ့ရောဂါလက္ခဏာတွေကတော့… ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘဲထွက်လာတဲ့ အရည်များကို ထိတွေ့ထားသည့်လက်ဖြင့် မတော်တဆမျက်လုံးကိုပွတ်မိတာတို့၊ ထိမိတာတို့ ပြုမိပါက ကလမိုင်းဒီယားရောဂါပိုးဟာ မျက်လုံးထဲဝင်ပြီး မျက်လုံးတွင် ရောဂါဖြစ်စေပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့ကိုယ်ဝန်ဆောင်မိခင်၏မွေးလမ်းကြောင်းမှ…