သိမှတ်ဖွယ်ရာ ဆီးကျိတ်ရောဂါ
ဒီနေ့ကတော့ ဆီးကျိတ်ကြီးခြင်း နှင့် ပတ်သက်ပြီး သိထားသင့်သည်များကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဆီးကျိတ်ရောဂါ အကြောင်း အနည်းငယ် ပြောပြပါ့မယ်။ ဆီးကျိတ် သည်အမျိုးသားများတွင်သာရှိသော အညိုရောင် အကျိတ်တခုဖြစ်ပါတယ်။ ၄င်း ဆီးကျိတ်သည် ဆီးအိမ်ရဲ့ အောက်ဘတ် အူမပြီးရှေ့ဘက် နှင့် ကျဉ်ကြောင်း (urethra)နားတွင် တည်ရှိပါတယ်။ သူ့ရဲ့အဓိက လုပ်ငန်းဆောင်တာကတော့ လိင်ဆက်ဆံပြီးနောက် အမျိုးသားများ သုတ်ရည်ထွက်ရာတွင် အဓိကပါဝင်ပြီး ဆီးကျိတ်မှထုတ်လုပ်သော ဓာတ်ပစ္စည်းများသည် သုတ်ရည်အတွင်းရှိ သုတ်ကောင်လေးများ ရှင်သန်နေစေရေး တွင် အထောက်အကူပေးပါသည်။ ဆီးကျိတ်ကြီးခြင်း ဆီးကျိတ်ကြီးခြင်းကို ဆေးပညာမှာ Benign Prostate Hyperplasia (BPH) ရယ်လို့ ခေါ်ကြပါတယ်။ ဆီးကျိတ် ဘာကြောင့်ကြီးရလဲ ဆိုတဲ့ အကြောင်းရင်း ယနေ့ထိ သေချာမသိသေးပါ။အမျိုးသားတစ်ယောက် အနေနဲ့ လူပျိုဖော်ဝင်စ…
