ငါးပိနဲ့ သွေးတိုးခြင်း
| |

ငါးပိနဲ့ သွေးတိုးခြင်း 

မြန်မာလူမျိုးတွေ အသည်းစွဲကြိုက်ကြတဲ့ ငါးပိက သွေးတိုးစေနိုင်တယ်ဆိုတာ အမှန်တကယ်ပဲလား။ ငါးပိ အလွန်အကျွံစားခြင်းကြောင့် သွေးတိုးခြင်းအပြင် အခြားဘာဆိုးကျိုးတွေပါ ဖြစ်နိုင်သေးလဲဆိုတာကို ရှင်းပြပေးသွားပါမယ်။  ငါးပိစားရင် တကယ်ပဲ သွေးတိုးစေလား။  ငါးပိဟာ ငါးကို ဆားနဲ့နယ်ပြီး အချဉ်ဖောက်ထားတဲ့ အစားအစာဖြစ်တာကြောင့် ဆားပါဝင်မှု အလွန်မြင့်မားပါတယ်။  ဆိုဒီယမ်ဆိုတာ ဆားရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒါပေမဲ့ ဆိုဒီယမ်ကို များများစားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုအပေါ်မှာ သက်ရောက်မှုတွေရှိလာပြီး သွေးတိုးစေနိုင်ပါတယ်။ ဆိုဒီယမ်နဲ့ သွေးတိုးခြင်း ဆက်စပ်မှုအကြောင်း အသေးစိတ်ပြောပြသွားပါမယ်။  ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်ဓာတ်များလာတဲ့အခါ ရေဓာတ်ကို ဆွဲယူထိန်းသိမ်းပေးပါတယ်။ ဒီလို ရေဓာတ်ကို ထိန်းထားတဲ့အတွက် သွေးထဲမှာ အရည်ပမာဏ များလာပါတယ်။သွေးပမာဏ များလာတဲ့အခါ သွေးကြောနံရံတွေပေါ်မှာ သက်ရောက်တဲ့ ဖိအားများလာပြီး သွေးတိုးလာစေပါတယ်။ ဆိုဒီယမ်ဓာတ်ဟာ သွေးကြောတွေကို…