မိန်းမကိုယ်ပိုးဝင်ခြင်း
အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာ ယားယံတာ၊ အနံ့ဆိုးထွက်တာ၊ အရည်ဆင်းတာ စတာတွေကြုံရပြီဆို ဒါတွေဟာ မိန်းမကိုယ်ပိုးဝင်ခြင်း ကြောင့် ဖြစ်နိုင်တာကို သတိပြုသင့်ပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်းဆိုတာ မိန်းမကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ ဒါမှမဟုတ် ကပ်ပါးပိုးတွေ ဝင်ရောက်ပြီး ရောဂါပိုးကူးစက်ခံရတာကို ဆိုလိုပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ မိန်းမကိုယ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေရဲ့ ပုံမှန်အချိုးအစား မညီမျှတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာလည်း ကူးစက်နိုင်ပါတယ်။ မိန်းမကိုယ်မှာရှိတဲ့ Candida လို့ခေါ်တဲ့ မှိုပိုးတွေ ပုံမှန်ထက် ပိုပြီးပွားလာတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ဆီးချိုရောဂါရှိသူတွေ၊ ပဋိဇီဝဆေးတွေ သောက်နေသူတွေနဲ့ ခုခံအားနည်းနေသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ တင်းကျပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်တာ၊ ချွေးထွက်များတာတွေကလည်း မှိုပိုးပွားမှုကို အားပေးပါတယ်။ ဂနိုရောဂါ၊ ဆီးပူညောင်းကျရောဂါ၊…
