ငါးပိနဲ့ သွေးတိုးခြင်း
| |

ငါးပိနဲ့ သွေးတိုးခြင်း 

မြန်မာလူမျိုးတွေ အသည်းစွဲကြိုက်ကြတဲ့ ငါးပိက သွေးတိုးစေနိုင်တယ်ဆိုတာ အမှန်တကယ်ပဲလား။ ငါးပိ အလွန်အကျွံစားခြင်းကြောင့် သွေးတိုးခြင်းအပြင် အခြားဘာဆိုးကျိုးတွေပါ ဖြစ်နိုင်သေးလဲဆိုတာကို ရှင်းပြပေးသွားပါမယ်။  ငါးပိစားရင် တကယ်ပဲ သွေးတိုးစေလား။  ငါးပိဟာ ငါးကို ဆားနဲ့နယ်ပြီး အချဉ်ဖောက်ထားတဲ့ အစားအစာဖြစ်တာကြောင့် ဆားပါဝင်မှု အလွန်မြင့်မားပါတယ်။  ဆိုဒီယမ်ဆိုတာ ဆားရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒါပေမဲ့ ဆိုဒီယမ်ကို များများစားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုအပေါ်မှာ သက်ရောက်မှုတွေရှိလာပြီး သွေးတိုးစေနိုင်ပါတယ်။ ဆိုဒီယမ်နဲ့ သွေးတိုးခြင်း ဆက်စပ်မှုအကြောင်း အသေးစိတ်ပြောပြသွားပါမယ်။  ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်ဓာတ်များလာတဲ့အခါ ရေဓာတ်ကို ဆွဲယူထိန်းသိမ်းပေးပါတယ်။ ဒီလို ရေဓာတ်ကို ထိန်းထားတဲ့အတွက် သွေးထဲမှာ အရည်ပမာဏ များလာပါတယ်။သွေးပမာဏ များလာတဲ့အခါ သွေးကြောနံရံတွေပေါ်မှာ သက်ရောက်တဲ့ ဖိအားများလာပြီး သွေးတိုးလာစေပါတယ်။ ဆိုဒီယမ်ဓာတ်ဟာ သွေးကြောတွေကို…

ခန္ဓာကိုယ်မှာပေါက်တဲ့ဝက်ခြံ
| | |

ခန္ဓာကိုယ်မှာပေါက်တဲ့ဝက်ခြံ

ဝက်ခြံဆိုတာ အရေပြားပေါ်မှာ အဆီဂလင်းတွေနဲ့ ချွေးပေါက်တွေ ပိတ်ဆို့ပြီး ရောင်ရမ်းလာတဲ့ အခြေအနေတစ်ခုပါ။ ဝက်ခြံတွေဟာ မျက်နှာမှာ အများဆုံးပေါက်တတ်ပေမယ့် ရင်ဘတ်၊ နောက်ကျောနဲ့ ပခုံးတွေလို ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ပေါက်နိုင်ပါတယ်။  ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်းများ အရေပြားပေါ်က အဆီဂလင်းတွေက အဆီတွေ လိုတာထက်ပိုထွက်လာတဲ့အခါ ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။ အဆီတွေအပြင် အရေပြားဆဲလ်သေတွေ၊ ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကလည်း ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလိုပိတ်ဆို့တဲ့အခါ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။ Propionibacterium acnes (ပရိုပီရိုနီ ဘက်တီးရီးယား အက်နီ) လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးက ချွေးပေါက်တွေပိတ်ဆို့တဲ့အခါ ပွားများလာပြီး ဝက်ခြံရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။  ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝက်ခြံပိုဖြစ်လေ့ရှိပါတယ်။ အမျိုးသမီးတွေမှာလည်း ရာသီလာချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဝက်ခြံပိုဖြစ်တတ်ပါတယ်။ မိသားစုထဲမှာ ဝက်ခြံဖြစ်လွယ်တဲ့သူတွေရှိရင် သင်ကိုယ်တိုင်လည်း…