ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်ဖို့လိုလား
| | |

ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်ဖို့လိုလား

ဝမ်းပိတ်ဆေးဆိုတာ ဝမ်းလျှောတာကို သက်သာစေဖို့ သောက်သုံးနိုင်တဲ့ဆေးဖြစ်ပါတယ်။ဒါပေမဲ့ ဝမ်းပိတ်ဆေးဟာ ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်ပိုးတွေနဲ့ အဆိပ်အတောက်များ စွန့်ထုတ်ခြင်းကို နှောင့်နှေးစေနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးအသုံးပြုဖို့ မသင့်တော်ပါဘူး။  ဝမ်းပျက်ဝမ်းလျှောခြင်းရဲ့ အကြောင်းရင်းများ ဝမ်းပိတ်ဆေးကို သုံးသင့်တဲ့ အခြေအနေများ ဝမ်းပျက်ဝမ်းလျှောတဲ့အခါ အိမ်မှာ ကိုယ့်ဘာသာ ဘယ်လိုဂရုစိုက်ကြမလဲ။  ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်လဲ ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်ဖို့ မလိုအပ်ပါဘူး။ အများစုကတော့ ရေဓာတ်များများဖြည့်ပြီး အနားယူလိုက်ရင် သူ့အလိုလို သက်သာသွား‌လေ့ရှိပါတယ်။ စိုးရိမ်ရတဲ့အခြေအနေတွေ ခံစားလာရတဲ့အခါ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြဖို့ အကြံပြုပါရစေ။ 

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ Probiotics သောက်သင့်သလား?

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ Probiotics သောက်သင့်သလား?

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ဓာတ်ဆားရည်သောက်ဖို့ ဆရာဝန်တွေမှာလေ့ရှိသလို တခါတလေမှာ Probiotics အမှုန့်ထုတ်လေးတွေလည်း သောက်ဖို့ညွှန်ကြားတတ်ပါတယ်။ ဘယ်ဟာကို သောက်ဖို့ပိုအရေးကြီးသလဲ ဝမ်းပျက်ဝမ်းလျှော(အထူးသဖြင့် ပြင်းထန်ဝမ်းလျှောရောဂါ )ဖြစ်တဲ့အခါ ကိုယ်မှာရှိတဲ့ ရေဓာတ်တွေဆုံးရှုံးသွားသလို ဆိုဒီယမ်၊ ပိုတက်စီယမ်ဓာတ်တွေလည်း ဆုံးရှုံးသွားတယ်။ ဒီဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ အခြားဓာတ်တွေကို ပြန်ဖြည့်ဖို့အတွက်ဆို ဓာတ်ဆားကိုမဖြစ်မနေပြန်သောက်ဖို့လိုပါတယ်။ အန်တာတွေရှိတယ်၊ ဓာတ်ဆားသောက်တာထက်ကို ဝမ်းပိုလျှောနေတယ်ဆိုရင်တော့ အချိန်မီ ဆေးရုံကိုသွားပြဖို့ အရမ်းအရေးကြီးပါတယ်။ အူလမ်းကြောင်းမှာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုနေတဲ့ ဘက်တီးရီယားလေးတွေရှိပါတယ်။ သူတို့ကို Probiotics လို့ခေါ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဒီ ဘက်တီးရီးယားပိုးတွေရဲ့ မျှချေပျက်သွားတဲ့အတွက် ပြန်လည်ဖြည့်တင်းပေးရတာဖြစ်ပါတယ်။ Probiotics သောက်တဲ့အခါ အလွန်အကျွံသောက်ဖို့ မလိုအပ်ပါဘူး။ Probiotics အမှုန့်ထုတ်အနေနဲ့ မဟုတ်ပဲ ဒိန်ချဥ်လို Probiotics ကြွယ်ဝတဲ့အစားအစာတွေကိုလည်းစားပေးနိုင်ပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ အရေးကြီးဆုံးက ဓာတ်ဆားသောက်ဖို့ဖြစ်ပါတယ်။ ရေဓာတ်ဆုံးရှုံးတာကို…