မိန်းမကိုယ်မှ အရည်ဆင်းခြင်း ဖြစ်စဉ်ဟာ ပုံမှန်ဘဲလား?
မိန်းမကိုယ်မှ အရည်ဆင်းခြင်းဖြစ်စဉ်ဟာ အမျိုးသမီးများကြုံတွေ့ရတဲ့ သဘဝဖြစ်စဉ်တစ်ခုပါ။ အဲ့ဒီဆင်းလာတဲ့အရည်တွေက သန့်ရှင်းစိုစွတ်ပြီး၊ မိန်းမကိုယ်ကို ရောဂါပိုးမဝင်ရောက်စေရန် ကာကွယ်ပေးပါတယ်။
သင့်မိန်းမကိုယ်မှ ဆင်းနေတဲ့အရည်ဟာ ပုံမှန်ပဲလား စစ်ဆေးကြည့်ပါ။
မိန်းမကိုယ်မှ အရည်ဆင်းခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဆင်းလာတဲ့အရည်တွေဟာ
- အရမ်းပျစ်ပြီး၊မကောင်းတဲ့အနံ့ရနေရင်၊
- သဘာဝမဟုတ်တဲ့အဖြူရောင်အရည်ဆင်းနေလျှင်၊
- မိန်းမကိုယ်ကို ချွဲစေပြီး၊စိုနေလျှင်
- အရမ်းပျစ်ပြီးစေးကပ်ကပ်ဖြစ်နေလျှင် သင်သတိထားရပါမယ်။
အရည်ဆင်းတဲ့အနည်းအများပမာဏဟာ တယောက်နဲ့တယောက်မတူညီကြပါဘူး။ ကိုယ်ဝန်ဆောင်မိခင် တွေဟာ အရည်တွေများများဆင်းနိုင်ပါတယ်။ ကိုယ်ဝန်တားဆေးသောက်နေလျှင်၊ လိင်အပျော်အပါးလိုက်စား လျှင် လည်း အရည်တွေများများဆင်းနိုင်ပါတယ်။ ရာသီပေါ်ပြီးနောက်၊နောက်ရာသီစက်ဝန်းမပေါ်ခင် စပ်ကြားကာလတွေမှာ မိန်းမကိုယ်ဟာ ချွဲပြီးစိုနေလေ့ရှိပါတယ်။
ဘယ်အချိန်မှာ ရောဂါလက္ခဏာပြနေပြီလို့ဆိုနိုင်မလဲ?
သင့်မိန်းမကိုယ်မှ ဆင်းတဲ့အရည်တွေဟာ အရောင်၊အနံ့၊ပုံသဏ္ဍာန် တို့ပြောင်းနေပြီဆိုလျှင် ဒါဟာ ရောဂါလက္ခဏာရှိနေပြီလို့ဆိုနေတာပါ။
ဆင်းတဲ့အရည်ဟာ
- ငါးညှီနံ့ လိုနံနေလျှင် bacterial vaginosis လို့ခေါ်တဲ့ မိန်းမကိုယ်ထဲမကောင်းတဲ့ ဘက်တီးရီးယားတွေဝင်ရောက်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
- ဒိန်ခဲပျော့ကဲ့သို့အဖြူရောင်အရည်များဆင်းလျှင် thrush လို့ခေါ်တဲ့ မှိုရောဂါကြောင့်ဖြစ်နိုင်ပါတယ်။
- အစိမ်းရောင်(သို့)အဝါရောင် အမြုပ်ထသောအရည်များဆင်းလျှင် trichomoniasis လို့ခေါ်တဲ့ ကပ်ပါးကောင်ကူးစက်ရောဂါကြောင့်ဖြစ်နိုင်ပါတယ်။ ထိုရောဂါကူးစက်ခံရလျှင် ဆီးသွားလျှင် နာကျဉ်ခြင်း၊ယားယံခြင်းတို့ကိုပါ ခံစားရတတ်ပါတယ်။
- အရည်ဆင်းပြီး အပူဖုကဲ့သို့ အဖုများပေါက်နေလျှင် မျိုးပွားအင်္ဂါရေယုန် ရောဂါကြောင့်ဖြစ်နိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်သလဲ?
- မိန်းမကိုယ်မှ ပုံမှန်ဆင်းနေကျ အရည်တွေဟာ အရောင်၊အနံ့၊ပုံသဏ္ဍာန် ပြောင်းနေလျှင်၊
- ပုံမှန်ထက်ပိုဆင်းနေလျှင်၊
- မိန်းမကိုယ်ယားယံပြီး၊အဖုတွေထွက်နေလျှင်၊
- ရာသီပေါ်ပြီး(သို့)လိင်ဆက်ဆံပြီး မိန်းမကိုယ်မှ သွေးဆင်းခဲ့လျှင်၊
- ဆီးသွားပါက နာကျဉ်လျှင်၊
- ဆီးခုံနှင့်ပေါင်ခြံတဝိုက် နာကျဉ်ကိုက်ခဲနေလျှင်၊
စသည့်အနေအခြေတွေမှာ ဆရာဝန်နှင့် ပြသပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
မိန်းမကိုယ်မှ အရည်ဆင်းခြင်းကို သင်မတားဆီးနိုင်ပါဘူး။
တကယ်လို့မိန်းမကိုယ်က အရည်အများကြီးဆင်းနေလျှင်၊အနံ့နံနေလျှင် panty liners လို့ခေါ်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းကို အောက်ကခံဝတ်ပေးလို့ရပါတယ်။
မိန်းမကိုယ် ယားယံတာခြင်း၊အဖုပေါက်ခြင်း၊ခြောက်သွေ့ခြင်းတွေကို ကာကွယ်ဖို့အတွက်
- မိန်းကကိုယ်ကို ရေဆေးလျှင် ညင်သာစွာဆေးပါ။
- ရေနှင့်ရိုးရိုးဆပ်ပြာဖြင့်သာဆေးပါ။
- ရေမွှေးပါတဲ့ဆပ်ပြာတွေ၊အမျိုးသမီးသုံးသန့်စင်ဆေးရည်တွေမသုံးပါနှင့်။
- မိန်းမကိုယ်အနံ့ပျောက်ဆေးတွေ၊ cream တွေမသုံးပါနှင့်။
- မိန်းမကိုယ်ထဲကို ပြွတ်နဲ့ ဆေးရည်ထိုးသွင်းဆေးကြောတာမျိုး ရှောင်ကြဉ်ပါ။
Reference : www.nhs.uk
ဇာနည်ထွန်း (ဆေး-၂)
#Vaginal_discharge
#We_R_z_waka