Why does my head hurt if I don't drink coffee
|

ကော်ကော် (Coffee) မရှိရင် ခေါင်းတွေကိုက်လာတယ်၊ ဘာကြောင့်လဲ?

ကော်ဖီဆိုတာ မနက်ဆို အများစုစုစွဲစွဲလမ်းလမ်းသောက်ဖြစ်ကြတဲ့ အရာတစ်ခုပါပဲ။

ကော်ဖီမသောက်ရတဲ့ရက်ဆို ခေါင်းတွေကိုက်လာပြီး အာရုံမစိုက်နိုင်တာမျိုးဖြစ်တာမျိုးကိုလည်း ကော်ဖီသောက်နေကျသူတိုင်း ခံစားဖူးကြမှာပါ။

ဒါက ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ် (Caffeine) မရရှိတဲ့အခါမှာ ခံစားရတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။

ကိုယ်က ကော်ဖီအများကြီးသောက်တတ်တဲ့သူ မဟုတ်ဘဲ တစ်နေ့တစ်ခွက်လောက်ပဲသောက်ရုံနဲ့ ဒီလိုလက္ခဏာခံစားရနိုင်လားဆိုရင်တော့ ခံစားရနိုင်ပါတယ်လို့ပြောရမှာပါ။😅

ကော်ဖီ မှာပါဝင်တဲ့ ကဖင်းဓာတ်က ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေကို ကျဉ်းအောင်လုပ်ပေးတဲ့ ဂုဏ်သတ္တိရှိတာဖြစ်ပြီး ကော်ဖီမသောက်လို့ကဖင်းဓာတ်မရရှိတဲ့အခါမှာ သွေးကြောတွေထဲ သွေးစီးဆင်းတာတွေရုတ်တရက်များသွားတဲ့အခြေအနေကြောင့် ခေါင်းကိုက်တဲ့ဝေဒနာမျိုးခံစားရတာဖြစ်ပါတယ်။

ကော်ဖီမသောက်ဘဲ ဒီလိုဝေဒနာဘယ်အချိန်သက်သာနိုင်မလဲဆိုရင်တော့ ဦးနှောက်က ဒီလိုသွေးစီးဆင်းမှုများတာကို အသားကျသွားတဲ့အချိန်မှာ သက်သာသွားမှာဖြစ်ပါတယ်။

ဒါဆိုကော်ဖီဖြတ်ဖို့လိုပြီလားဆိုရင်တော့ ကိုယ့်ရဲ့ကျန်းမာရေးအခြေခံပေါ်မူတည်မှာဖြစ်ပြီး ကျန်းမာတဲ့လူကြီးတစ်ယောက်အနေနဲ့ တစ်နေ့ကို 400mg (ပုံမှန် ကော်ဖီ ၄ ခွက်)ထက်တော့ ပိုမသောက်သင့်ပါဘူး။

ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်၊ သွေးတိုးရောဂါရှိသူ၊ (Anxiety) စိုးရိမ်လွန်ရောဂါအတွက်ဆေးသောက်နေရသူတွေမှာတော့ ကဖင်းဓာတ်လျော့ချဖို့ လိုအပ်မှာဖြစ်ပါတယ်။

ကဖင်းဓာတ်မှာလည်း ကောင်းကျိုးနဲ့ဆိုးကျိုးဒွန်တွဲနေတာမို့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း သင့်တော်တဲ့ပမာဏကိုပဲ သုံးဆောင်ဖို့အရေးကြီးပါတယ်။

ပမာဏများများသောက်မိနေလို့ လျော့ချတဲ့အခါမှာလည်း ရုတ်တရက်ဖြတ်လိုက်တာမျိုးမလုပ်ဘဲ ဖြည်းဖြည်းချင်းလျော့ချသွားတာမျိုးက ဒီလိုကဖင်းဓာတ်ဖြတ်တောက်လို့ခံစားရတဲ့ဝေဒနာကို လျော့နည်းစေမှာဖြစ်ပါတယ်။

Similar Posts